Main menu

မြိတ်မြို့ပေါ်ရှိ အသင့်စား ကြက်သွန်နီ/ဖြူ ကြော်စျေးနှုန်း

Powered by Drupal

     တနင်္သာရီတိုင်းဒေသကြီးသည် ကြက်သွန်နီ၊ ကြက်သွန်ဖြူများ စိုက်ပျိုးထွက်ရှိမှုမရှိသဖြင့် ရှမ်းပြည်နယ်၊ မန္တလေးတိုင်းဒေသကြီးမှ တိုက်ရိုက်ဝယ်ယူရောင်းချလျက်ရှိသည့်အပြင် ရန်ကုန်နှင့် မော်လမြိုင်မြို့များရှိ ပွဲရုံများမှတစ်ဆင့်လည်း မှာယူရောင်းချကြပါသည်။ ကြက်သွန်နီ/ ဖြူများအား အစိမ်းအတိုင်းဝယ်ယူရောင်းချခြင်းများအပြင် အသင့်ကြော်ပြီးသား ကြက်သွန်နီ/ ဖြူကြော်များကို လည်းမှာယူရောင်းချကြပြီး ရောင်းအားကောင်းလျက်ရှိပါသည်။ မြိတ်မြို့တွင် ကြက်သွန်နီ/ ဖြူကြော်များအား အိမ်စားသုံးခြင်း၊ စားသောက်ဆိုင်ကြီးများတွင် ချက်ပြုတ်ရောင်းချလျက်ရှိသော ဟင်းလျာများတွင် ထည့်သွင်းအသုံးပြုခြင်း၊ အထူးသဖြင့် လ္ဘက်နှင့် ရောနှောစားသုံးခြင်း၊ ပုစွန်ခြောက်ကြော်၊ ငါးခြောက်ကြော်၊ ငံပြာရည်ကြော်များနှင့် အခြားသော ဘာလချောင်ကြော်များတွင် ရောနှောအသုံးပြု ကြသလို ဒေသတွင်း အိမ်တွင်းမှု လုပ်ငန်းများ၊ အလှူ၊ မင်္ဂလာပွဲများတွင် မပါမဖြစ်အသုံးပြုလျက်ရှိကြောင်း သိရပါသည်။

      မြိတ်မြို့ပေါ်ရှိ လ္ဘက်ဆိုင်များ၊ ကုန်စုံဆိုင်များ၊ စျေးများတွင် ကြက်သွန်နီ/ ဖြူကြော်များအား အလွယ်တကူ ဝယ်ယူရရှိနိုင်ပြီး စျေးနှုန်းအနေဖြင့် ယခု ၂၀၂၆ ခုနှစ်၊ အောက်တိုဘာလ၊ ဒုတိယပတ်အတွင်း ကြက်သွန်နီကြော် ၅၀ ကျပ်သားလျှင် ၁၄၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်၊ ကြက်သွန်ဖြူကြော် ၅၀ ကျပ်သားလျှင် ၁၅၀၀၀ ကျပ်၊ တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)