Main menu

ညောင်ဦးမြို့ရှိ ဆေးဆိုင်များနှင့်စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေး

Powered by Drupal

             ညောင်ဦးခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် (၆.၁၀.၂၀၂၆)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် မိတ်ဖက်ဌာနများဖြစ်သော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစား အသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများနှင့်အတူ ညောင်ဦးမြို့  ဆေးဆိုင်များရှိ ဆေးဝါးများနှင့် စတိုးဆိုင်များ၊ ကုန်စုံဆိုင်များတွင်ရောင်းချနေသော ကလေးအသုံးအဆောင်ပစ္စည်းအမျိုးမျိုးတို့အား  ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ၊ သက်ဆိုင်ရာဌာန ထောက်ခံချက်များ ပါဝင်မှုရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြကြောင်းနှင့် စားသုံးသူပြည်သူများ ကုန်စည်နှင့်ဝန်ဆောင်မှုများ သုံးစွဲရာတွင် ထိခိုက်နစ်နာမှုမရှိစေရေး၊ လုံခြုံစိတ်ချရမှုရှိစေရေး၊ လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်များနှင့် အညီထုတ်လုပ်ရောင်းချမှုရှိစေရေး၊ လုံခြုံစိတ်ချရမှုမရှိသောကုန်စည်များလျော့နည်းပပျောက်သွားစေရေးတို့အတွက်နေရာစုံ၌ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများကိုအစဉ်တစိုက်ဆောင်ရွက်လျက် ရှိကြောင်းသိရသည်။

DOCa(မန္တလေး)