
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးဌာန၊စစ်ကိုင်းတိုင်းဒေသကြီး ဦးစီးမှူးရုံးသည် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မုံရွာမြို့နယ်ရှိ ရပ်ကွက်များ (၃၂) ရပ်ကွက်ရှိရာ လူဦးရေ (၄၄၅၃၀)ရှိပြီး ၁၁-၈-၂၀၂၆ ရက်နေ့မှ စတင်၍ အိမ်ထောင်စုအလိုက် ဆီစာအုပ်များ ထုတ်ဝေပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် စားသုံးသူပြည်သူများ သက်သာချောင်ချိရေးအတွက် တစ်အိမ်ထောင်စုလျှင် တစ်လ စားအုန်းဆီ (၂) ပိဿာနှုန်းကို နိုင်ငံတောင်၏ သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် ဝယ်ယူနိုင်ရေး စားသုံးသူရေးရာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ မြို့နယ်တာဝန်ခံများ၊ ဆီလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများနှင့်ပူးပေါင်း၍ မြို့နယ်အတွင်းနေထိုင် သူများကို အိမ်ထောင်စု မိတ္တူ၊ မှတ်ပုံတင်မိတ္တူနှင့် ဖုန်းနံပါတ်တို့ဖြင့်လည်းကောင်း၊ သက်ဆိုင်ရာရပ်ကွက် အုပ်ချုပ်ရေးမှူးတို့၏ ထောက်ခံချက်များဖြင့် ဆီစာအုပ်များကို စနစ်တကျ ထုတ်ဝေပေးလျက်ရှိပြီး မြို့နယ်နှင့် ရပ်ကွက်များအပြင် ဌာနဆိုင်ရာများအား ဆီစာအုပ်ထုတ်ဝေပေးခဲ့ကြောင်း သိရသည်။ ဆီစာအုပ် ထုတ်ဝေပေးရာတွင် ၁၆-၁၀-၂၀၂၆ ရက်နေ့ထိ အိမ်ထောင်စု စုစုပေါင်း(၄၄၅၃၀)ဦးရှိသည့်အနက် စိစစ်ဆောင်ရွက်ပြီးစီးမှုမှာ (၂၂၈၂၅)ဦးရှိပြီး ကျန်ရှိသော(၂၁၇၀၅)ဦးကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(စစ်ကိုင်း)
