ယခုနှစ်ဆောင်းရာသီကာလ၌ အညာဒေသ၏ ရာသီစာ အစားအစာတစ်ခုဖြစ်သော ထန်းပင မြစ်များကို လှိုင်လှိုင်ရောင်းချလျက်ရှိပြီး ဝယ်ယူစားသုံးသူများပြားကာ ဈေးကောင်းရရှိနေကြောင်း သိရပါသည်။
အညာဒေသ၏ ဆောင်းရာသီစာ ထန်းပင်မြစ်များရရှိရန် ထန်းသီးမှည့်များကို ပျိုးဘောင်များပြုလုပ်၍ သုံးလေးလအတွင်း အမြစ်ပေါ်လာကြောင်း၊ နတ်တော်လမှ ပြာသိုလအတွင်း ပေါများစွာနုတ်ယူရောင်းချရကြောင်း၊ ထန်းပင်မြစ်( ၂၅ )ချောင်းပါ တစ်စည်းလျှင် (၁၅၀၀)ကျပ်ဖြင့်သော်လည်းကောင်း၊ ထန်းပင်မြစ်အချောင်း(၃၀)ပါ တစ်စည်းလျှင် (၁၂၀၀)ကျပ်ဖြင့်လည်းကောင်း အကြီး/အသေးအပေါ်မူတည်၍ ရောင်းချလျက်ရှိပါကြောင်း၊ ထန်းပင်မြစ်ကို မီးဖုတ်၍ မြန်မာလူမျိုးများ နှစ်ခြိုက်စွာစားသုံးကြသော ဆောင်းရာသီစာ အညာဒေသထွက် အစားအစာတစ်ခုဖြစ်၍ ဈေးကောင်းရပြီး အရောင်းသွက်နေကြောင်း၊ မုံရွာမြို့နယ်တစ်ဝိုက်ရှိ ကျေးရွာများမှ လာရောက်ရောင်းချနေကြောင်း သတင်းရရှိပါသည်။
DOCA(စစ်ကိုင်း)