Main menu

မုံရွာမြို့နယ်တွင် ဆီးပန်းသီးများ စတင်ခူးဆွတ်ရောင်းချလျက်ရှိ

Powered by Drupal

         စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်းရှိ သက္ကယ်ချင်း၊ လယ်ဇင်၊ ပုလ္လင်၊ ဇီးကျွန်းနှင့် မအူကျေးရွာများ၌ ဆီးပန်းသီးပင်များ အများဆုံးစိုက်ပျိုးကြကြောင်း သိရပါသည်။ တစ်ဧကလျှင် (၁၅)ပေပတ်လည် အကျယ်ဖြင့် အပင်(၁၀၀)ခန့် စိုက်ပျိုးနိုင်ပြီး ဇွန်၊ ဇူလိုင်လမှစတင်၍ ဆီးပန်းသီး ကိုင်းကူးပျိုးပင် တစ်ပင်လျှင် (၃၅၀)ကျပ်နှုန်းဖြင့် ဝယ်ယူစိုက်ပျိုးကာ နိုဝင်ဘာ၊ ဒီဇင်ဘာ၊ ဇန်နဝါရီ (၃)လတွင် ဆီးပန်းသီးပင်များ ခူးဆွတ်ရောင်းချရပါသည်။ ဆီးပန်းသီးစိုက်တစ်ဧက အနေဖြင့် တစ်နေ့လျှင် ဆီးပန်းသီး ပြည်(၆၀)ကျော် (၄)တင်းခန့် ခူးဆွတ်ရရှိကြောင်းနှင့် ဆီးပန်းသီးတစ်ပြည် လျှင် ကျပ်(၁၀၀၀)နှုန်း၊ လက်ရွေး(၁)ဖာလျှင် ကျပ်(၁၃၀၀၀)နှုန်းဖြင့် မုံရွာ-မန္တလေးကားလမ်းမကြီး ပေါ်တွင် ဆိုင်များဖွင့်လှစ်ရောင်းချခြင်းနှင့် ရန်ကုန်၊ မန္တလေး၊ ပြင်ဦးလွင်မြို့များသို့ တင်ပို့ရောင်းချ လျက်ရှိကြောင်း၊ တစ်ဧကကုန်ကျစရိတ်အနေဖြင့် ပျိုးပင်၊ ထွန်ယက်ခ၊ မြေပြုပြင်ခြင်း၊ မြေဩဇာနှင့် လုပ်သားခအပါအဝင် စုစုပေါင်း ကျပ် (၁၁)သိန်းခန့် ကုန်ကျကြောင်း၊ တစ်ဧကလျှင် ဆီးပန်းသီး ထွက်ရှိနှုန်း ပြည်(၂၀၀၀)ကျော်ခန့် ထွက်ရှိသဖြင့် တစ်ဧကအကျိုးအမြတ်အနေဖြင့် ကျပ်(၉)သိန်းခန့်ရရှိကာ တွက်ချေကိုက်ကြောင်း အဆင်ပြေနေကြောင်း ဆီးပန်းသီးစိုက်ပျိုးထား သည့် တောင်သူတစ်ဦးထံမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)