Main menu

တာချီလိတ်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

     ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့၊  နေ့လယ်(၁၂:၃၀)နာရီအချိန်တွင် တာချီလိတ်မြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ တာချီလိတ်ခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေး‌ရေးမှူးနှင့် ဝန်ထမ်းများသည် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာနနှင့်ပူးပေါင်း၍  တာချီလိတ်-ကျိုင်းတုံမြို့သို့သွားသည့်လမ်းမပေါ်ရှိ စက်သုံးဆီအရောင်းဆိုင်(၃)ဆိုင်အား စက်သုံးဆီအချင်အတွယ်ပြည့်ဝမှုရှိ/မရှိ၊ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချနေမှုအခြေအနေနှင့် စက်သုံးဆီလက်ကျန်အခြေအနေတို့ကို ပူးပေါင်းကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့စစ်ဆေးခြင်းဆောင်ရွက်ရာတွင် စက်သုံးဆီအရောင်းဆိုင်များသည် အချင်အတွယ်မှန်ကန်မှုရှိ၍ သတ်မှတ်ရည်ညွှန်းဈေးအတွင်း ရောင်းချသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ စက်သုံးဆီလက်ကျန်အနေဖြင့် ဖြန့်ဖြူးရောင်းချပေးရန် လုံလောက်စွာသိုလှောင်ထားသည်ကိုလည်း တွေ့ရှိရပါသည်။  စစ်ဆေးရေးမှူးနှင့်ဌာနဆိုင်ရာများသည် စက်သုံးဆီအရောင်းဆိုင် တာဝန်ခံများအား အချင်အတွယ်မှန်ကန်မှုရှိစေရေးကို အလေးထားရန်၊ သတ်မှတ်ရည်ညွှန်းဈေးအတွင်းသာ ရောင်းချရန် မှာကြားခဲ့ပါသည်။ 

DOCA(ရှမ်း)