Main menu

ဟင်းသီးဟင်းရွက်များ ဈေးနှုန်းဈေးကွက်

Powered by Drupal

ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ မိုင်းလုံးရပ်ကွက်၊ မှုံပြာကျေးရွာ၊ ဒေါတခြား(ကယား/ပအို့ဝ်) ရွာနှင့် လင်ဖုံလေးကျေးရွာတို့တွင် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးကြလျက်ရှိပါသည်။ လက်ကား ဈေးနှုန်းများအနေဖြင့် မုန်ညှင်းရွက် တစ်စည်းလျှင် (၇၀)ကျပ်၊ ကန်စွန်းရွက်တစ်စည်းလျှင် (၈၀)ကျပ်ဖြင့် ဟင်းသီးဟင်းရွက်ရောင်းသူများထံသို့ တဆင့်ရောင်းချကြကြောင်း ဟင်းသီးဟင်းရွက်စိုက်ပျိုးသူ တစ်ဦး ထံမှ သိရှိရပါသည်။
လွိုင်ကော်မြို့၊ သီရိမင်္ဂလာဈေးကြီးအတွင်း၌ ရောင်းချနေသော ဟင်းသီးဟင်းရွက်များ၏ လက်လီဈေးနှုန်းများမှာ ကန်စွန်းရွက်တစ်စည်းလျှင် (၁၅၀)ကျပ်၊ မုန်ညှင်းရွက်တစ်စည်းလျှင် (၂၀၀)ကျပ်၊ ပန်းဂေါ်ဖီတစ်ပွင့်လျှင် (၅၀၀)ကျပ်၊ ဂေါ်ဖီထုပ် တစ်ထုပ်လျှင် (၄၀၀)ကျပ်၊ ပဲတောင့်ရှည် တစ်စည်းလျှင် (၅၀၀)ကျပ်တို့ဖြင့် ရောင်းချနေကြောင်း ဟင်းသီးဟင်းရွက်ရောင်းချသူ တစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)