Main menu

ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌနှင့် တွေ့ဆုံဆွေးနွေး

Powered by Drupal

       စားသုံးသူရေးရာဦးဌာန၊ မွန်ပြည်နယ်မှ ပြည်နယ်ဦးစီးမှူးသည် ၁၆-၁-၂၀၂၃ ရက်နေ့တွင် ပြည်နယ်ဦးစီးမှူးရုံးခန်း၌ မွန်ပြည်နယ်ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌနှင့်တွေ့ဆုံ၍ ဆားထုတ်လုပ်မှုအခြေအနေ၊ ဈေးကွက်၊ ဈေးနှုန်းအခြေအနေ၊ ကြုံတွေ့ရသည့်အခက်အခဲများနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

        ထိုသို့ဆွေးနွေးရာတွင် မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌက မွန်ပြည်နယ်တွင် ဆားကွင်းဧက(၄၅၀၀)ဧကရှိပြီး တစ်ဧကလျှင် ဆားထွက်ရှိမှု (၁၀-၁၅)တန်ထွက်ရှိပြီး စုစုပေါင်းအထွက်နှုန်းမှာ (၄၅၀၀၀-၅၀၀၀၀)တန်ထွက်ရှိကြောင်း၊ ဈေးနှုန်းအနေဖြင့် ဆားကြမ်းတစ်ပိဿာလျှင် (၁၈၀-၂၀၀)ကျပ်၊ ဆားချော (၄၀၀-၅၀၀)ကျပ်ရှိပြီး၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းများသို့ တင်ပို့ရကြောင်းသိရှိရပါသည်။ ၎င်းအနေဖြင့် မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ပငကျေးရွာတွင် အဆင့်မြင့်အိုင်အိုဒင်းဆားချောစက်ရုံတည်ဆောက်နိုင်ရေးကြိုးပမ်းလျက်ရှိပြီး မတည်ရင်းနှီးငွေ၊ ဈေးကွက်ရရှိရေးနှင့်ပတ်သက်၍ဆွေးခဲ့ရာ ပြည်နယ်ဦးစီးမှူးက မွန်ပြည်နယ်၌ အဆင့်မြင့်အိုင်အိုဒင်း ဆားချောစက်ရုံတည်ဆောက်ခြင်းအား ကြိုဆိုပါကြောင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်ကဏ္ဍနှင့်ပတ်သက်၍ မိမိတို့ဘက်က  လိုအပ်သည့်အကူအညီများကို ကူညီပေးသွားမည်ဖြစ်ကြောင်းတို့အား ဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)