Main menu

ဈေးကွက်အတွင်း  ခရမ်းချဉ်သီး ဈေးနှုန်း ပြန်လည်မြင့်တက်

Powered by Drupal

      ရွှေဘိုမြို့၌ ဈေးကွက်အတွင်း ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ ဇန်နဝါရီလတတိယပတ်တွင်  ဈေးနှုန်းအနည်းငယ် ပြန်လည်မြင့်တက်လာပြီး ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၆၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်ဇန်နဝါရီလ ဒုတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျှင် ၁၂၀၀ ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၄၀၀ကျပ် ဈေးနှုန်းပြန်လည်မြင့်တက်လာခဲ့သည်။

       ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာရခြင်းမှာ ဒေသတွင်းမှ စိုက်ပျိုးသော  ခရမ်းချဉ်သီး အဝင်နည်းပါးလာပြီး တောင်ကြီး၊ အင်းလေး ၊ညောင်ရွှေ စသည့်မြို့များမှ တစ်ဆင့်မှာယူ ရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူစရိတ်များ များပြားသောကြောင့်ဈေးနှုန်းမြင့်တက်လာရခြင်းဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီးပွဲရုံများမှ သတင်းရရှိသည်။

DOCA(စစ်ကိုင်း)