Main menu

သာစည်မြို့နယ် ၊ ညောင်တိုအ - မ - က (မူလွန်)တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း

Powered by Drupal

       ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၃ ရက်နေ့ နံနက် (၁၀း၀၀)နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် သာစည်မြို့နယ်ညောင်တိုကျေးရွာရှိ ညောင်တို အ - မ - က (မူလွန်)တွင် စားသုံးသူကာကွယ်ရေးဥပဒေအကြောင်း အသိပညာပေးခဲ့ပြီး ဟောပြောဆွေးနွေးခဲ့ရာ အဆိုပါ ဆွေးနွေးပွဲတွင် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမ စုစုပေါင်း (၃၀၆)ဦးတက်ရောက်ခဲ့ပါသည်။

          ဟောပြောပွဲတွင် မိတ္ထီလာခရိုင်ဦးစီးမှူးရုံးမှ စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဒေါ်သိမ့်သူဇာမောင်က စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူအခွင့်အရေးများကို သိရှိနားလည်စေရန် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲလုပ်ငန်းများကိုဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ စားသုံးသူပြည်သူများ နေ့စဉ်ဝယ်ယူသုံးစွဲနေသည့် ကုန်စည်များနှင့်ပတ်သက်သော သတင်းအချက်အလက်များကို စားသုံးသူပြည်သူများအား မှန်ကန်စွာသိရှိစေရေး၊ စားသုံးသူအခွင့်အ‌ရေးများနစ်နာဆုံးရှုံးမှု မရှိစေရေးအတွက်ရည်ရွယ်၍ ဟောပြောဆွေးနွေးခဲ့ပါသည်။

         စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်မတ်လ(၁၅)ရက်နေ့တွင် ပြဋ္ဌာန်းခဲ့ကြောင်း၊ ဥပဒေတွင်ပါရှိသည့် စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊  စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊ စီမံခန့်ခွဲရေးနည်းလမ်းအရ အရေးယူခြင်းများ၊ ကုန်စည်နှင့်သက်ဆိုင်သည့် ကုန်အညွှန်းအမှတ်အသားတွင် ဖော်ပြရမည့်သတ်မှတ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် ပြစ်မှုပြစ်ဒဏ်များအကြောင်းနှင့် စားသုံးသူများအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများနှင့်ပတ်သက်၍ နစ်နာဆုံးရှုံးမှုများရှိပါက စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှုလက်ခံဆောင်ရွက်ရေးစင်တာ CICC Page နှင့် DOCA Myanmar Mobile Application တို့ဖြင့်သော်လည်းကောင်း၊ ဖုန်းဖြင့်သော်လည်းကောင်း ဆက်သွယ်တိုင်ကြားနိုင်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မန္တလေး)