Main menu

မော်လမြိုင်ကုန်စည်ဒိုင် ပေါက်ဈေးနှုန်းများပြုစုတင်ပြနိုင်ရေး ညှိနှိုင်းအစည်းအဝေးကျင်းပ

Powered by Drupal

     ပြည်တွင်းထုတ်ကုန်များ၏ သတင်းအချက်အလက်များ ပံ့ပိုးပေးနိုင်ရန်နှင့် ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်ဖြင့် မွန်ပြည်နယ်စားသုံးသူ ရေးရာဦးစီးဌာန၏ ပူးပေါင်းပါဝင်ကူညီမှုဖြင့် မော်လမြိုင်ကုန်စည်ဒိုင်ကို ၂၁.၁.၂၀၂၀ ရက်နေ့တွင် ဖွင့်လှစ်ခဲ့သည်။ ၁၇.၃.၂၀၂၀ ရက်နေ့တွင် မွန်ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများ၊ မော်လမြိုင်ကုန်စည်ဒိုင်ဥက္ကဌ ဦးအောင်မျိုးဦးနှင့် ကုန်စည်ဒိုင်အသင်းအလုပ်အမှုဆောင်များ၊ မော်လမြိုင်ကုန်စည်ဒိုင်ဒေသပေါက်ဈေးနှုန်းများ နေ့စဉ်သတင်းထုတ်ပြန်နိုင်ရေးအတွက် ပံ့ပိုးကူညီ ဆောင်ရွက်ပေးနေသော National Enlightenment Institute မှ အုပ်ချုပ်မှုဒါရိုက်တာ ဒေါ်ရီမွန်ဆုနှင့် ဝန်ထမ်းများသည် မော်လမြိုင်ကုန်စည်ဒိုင်ခန်းမ၌ ကုန်စည်ဒိုင်ဒေသထွက် ကုန်ပစ္စည်း များ၏ ဈေးနှုန်းများ နေ့စဉ်သတင်းထုတ်ပြန်နိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးခဲ့ကြ ကြောင်း သတင်းရရှိပါသည်။

ကယားပြည်နယ်