ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့၊ စားသုံးသူရေးရာဦးစီးဌာန၊ ဒုတိယပြည်နယ်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၂၀)ရက်နေ့ နေ့လယ် (၁၄:၀၀)နာရီအချိန်တွင် ကျိုင်းတုံမြို့ရပ်ကွက်(၁/၂/၅)အတွင်းရှိ စက်ဆီ၊ ချောဆီအရောင်းဆိုင် (၅)ဆိုင်သို့ ကွင်းဆင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ စက်ဆီ၊ ချောဆီအရောင်းဆိုင် (၅)ဆိုင်တွင် အရည်အသွေးပြည့်မီမှန်ကန်သော စက်ဆီ၊ ချောဆီများကို ရောင်းချနိုင်ရေး၊ သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်များဖြင့် အာမခံချက်ရှိသော စက်ဆီ၊ ချောဆီများကိုသာ ရောင်းချနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။ ထိုသို့စစ်ဆေးမှုအရ အဆိုပါ စက်ဆီ၊ ချောဆီအရောင်းဆိုင် (၅)ဆိုင်တွင် တရားဝင်ခွင့်ပြုချက်ရှိသည့် စက်ဆီ၊ ချောဆီများကိုသာ ရောင်းချလျက်ရှိသည်ကို စစ်ဆေးတွေ့ရှိရပါသည်။
ထို့နောက် စစ်ဆေးရေးမှူးနှင့် တာဝန်ရှိသူများသည် အရောင်းဆိုင်ရှင်များကို အရည်အသွေးပြည့်မီမှုမရှိသော စက်ဆီ၊ ချောဆီများကို အသုံးပြုခြင်းကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တာဝန်ယူဖြေရှင်းပေးရမည်ဖြစ်ကြောင်း၊ တရားမဝင်တားမြစ်ထားသော ကုန်စည်များကို ဈေးကွက်အတွင်း ရောင်းဝယ်ဖောက်ကားမှုပြုလုပ်ခြင်းကို စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာ ဥပဒေများနှင့်အညီ အရေးယူသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စားသုံးသူကာကွယ်ရေးဥပဒေအခန်း (၁၀)ပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များကို သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသိပညာပေး ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ပါသည်။
DOCA(ရှမ်း)