Main menu

ချောင်းဆုံမြို့ အ - ထ - က (ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ စားသုံးသူကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကျင်းပ

Powered by Drupal

        စားသုံးသူရေးရာဦးစီးဌာန မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၄ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် ချောင်းဆုံမြို့ အ - ထ - က(ခွဲ) ကရင်ဝင်းစိန် ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောပွဲ  ဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။

        အဆိုပါဟောပြောပွဲ၌ ချောင်းဆုံမြို့နယ်၊ အ - ထ - က(ခွဲ) ကရင်ဝင်းစိန်ကျောင်း၌ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားခဲ့ကြောင်း၊ ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒေါ်ခင်ကြည် ဒု-ဦးစီးမှူးက စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောရာတွင် ဦးစီးဌာန၏လုပ်ငန်းဆောင်ရွက်မှုများ၊ စားသုံးသူကာကွယ်ရေးဥပဒေ၊ စားသုံးသူအခွင့်အရေးနှင့် တာဝန်များအကြောင်း၊ စားသုံးသူများနစ်နာမှုဆုံးရှုံးမှုရှိလျှင် တိုင်ကြားနိုင်သူနှင့် တိုင်ကြားရမည့် နေရာနှင့်လိပ်စာများ(ရုံးတည်နေရာ၊ ရုံးဖုန်းနံပါတ်၊ website www. doca. gov. mm နှင့် Doca Call Center 1535)တို့တွင်လည်းကောင်း ပြန်လည်ကုစားနိုင်သည့် အခွင့်အရေးများကို ရယူနိုင်မည်ဖြစ်ကြောင်းနှင့် မကြာမီကျရောက်မည့် မတ်လ (၁၅)ရက်နေ့တွင် ကျင်းပမည့် ကမ္ဘာ့စားသုံးသူအခွင့်အရေးများနေ့အကြောင်းတို့ကို ဟောပြောခဲ့ကြောင်း၊ ထို့နောက် ကျောင်းအုပ်ဆရာမကြီးထံသို့ စားသုံးသူကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များကို ပေးအပ်ခဲ့ကြောင်းနှင့် တက်ရောက်သူများက သိလိုသည်များကို မေးမြန်းခြင်းကို ပြန်လည်ဖြေကြားခဲ့ပါသည်။အဆိုပါ ဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့်အတူ Grade-9 ကျောင်းသား/သူများ၊ စုစုပေါင်းလူဦးရေ ၇၀ ဦးတက်ရောက်ခဲ့ပါသည်။

DOCA(မွန်)