ကယားပြည်နယ်သည် စပါးအပြင် အစေ့ထုတ်ပြောင်းကိုလည်း စီးပွားဖြစ်အဓိကစိုက်ပျိုးကြသည့်သီးနှံဖြစ်ပါသည်။ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၁၇)ရက်နေ့မှ (၂၃)ရက်နေ့အထိ ပြောင်း တင်ပို့မှုမှာ(၁၃၅၂၁)အိတ်၊ (၆၆၂)တန်ခန့် ရန်ကုန်၊ မန္တလေး၊ တောင်ကြီးမြို့များသို့တင်ပို့လျှက်ရှိပါသည်။ အစေ့ထုတ်ပြောင်းကို ရန်ကုန်မြို့၊ မန္တလေးမြို့သို့အများဆုံးတင်ပို့လျက်ရှိပြီး တောင်ကြီးမြို့သို့ အနည်းငယ်တင်ပို့လျက်ရှိပါသည်။ ဇန်နဝါရီလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော အစေ့ထုတ်ပြောင်းဈေးနှုန်းမှာ အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင်(၁၀၇၀)ကျပ်၊ အစေ့ထုတ်ပြောင်းတစ်တင်းလျှင်(၁၆၀၅၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ယခင်အပတ်နှင့် ဈေးနှုန်းနှိုင်းယှဉ်ကြည့်လျှင် အစေ့ထုတ်ပြောင်းတစ်ပိဿာလျှင်(၉၀)ကျပ်ခန့်၊ တစ်တင်းလျှင် (၁၃၅၀)ကျပ်ခန့် မြှင့်တက်လာလျက်ရှိပါကြောင်း အစေ့ထုတ်ပြောင်းရောင်းဝယ်သူတစ်ဦးထံမှ သိရှိရပါသည်။
DOCA(ကယား)