Main menu

ဘီးလင်းမြို့၊ ရပ်ကွက်များရှိ စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

      စားသုံးသူရေးရာဦးစီးဌာန၊ ဘီးလင်းမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ၂၃-၁-၂၀၂၃ ရက်နေ့တွင် ဘီးလင်းမြို့၊ ရပ်ကွက်များရှိ အခြေခံလူသုံးကုန်၊ စားသောက်ကုန်များ ရောင်းချလျက်ရှိသော စတိုးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ ဆောင်ရွက်ရာတွင် COFFEE SHOP (very good) ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှုရှိ/မရှိစစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများ ရောင်းချမှုမရှိကြောင်းသိရှိရပါသည်။ ထို့နောက် စားသုံးသူကာကွယ်ရေးဥပဒေ အခန်း (၁၈) ပါ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်းသည့် သိကောင်းစရာများကို ဆိုင်ရှင်များအား ရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည်။

DOCA(မွန်)