Main menu

ကျိုက်ထိုမြို့နယ်တွင် တရားမဝင်ဆေးဝါးရောင်းချခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းဆောင်ရွက်

Powered by Drupal

      ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၀ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ ဆေးဆိုင်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

    ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် ကျိုက်ထိုမြို့ပေါ်ရှိ ဆေးဆိုင်(၈)ဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပြီး အဆိုပါ ဆေးဆိုင်များတွင် မှတ်ပုံတင်ထားခြင်းမရှိသော တရားမဝင်ဆေးဝါးများအား ရောင်းချခြင်းရှိ/မရှိ စစ်ဆေးခဲ့ရာ တရားမဝင်ဆေးများ ရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။

     ထို့နောက် ဆေးဆိုင်ပိုင်ရှင်များအား မှတ်ပုံတင်ထားခြင်းမရှိသော ဆေးဝါးများကို ရောင်းချခြင်းမပြုရန်၊ သက်တမ်းလွန်သောဆေးဝါးများကို ရောင်းချခြင်းမပြုရန်နှင့် သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက်မပါရှိသောဆေးဝါးများကို ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပါသည်။

DOCA(မွန်)