၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကျိုက်ထိုမြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများသည် ကျိုက်ထိုမြို့ရှိ စားသောက်ကုန်ရောင်းချသောဆိုင်များအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထို့သို့ ဈေးကွက်စောင့်ကြည့်စစ်ဆေးရာတွင် စားသောက်ကုန်အရောင်းဆိုင်(၆)ဆိုင်အား ဈေးကွက်စောင့်ကြည့်ခဲ့ပြီး အဆိုပါဆိုင်များတွင် COFFEE SHOP (Very Good) တံဆိပ်ပါ ကော်ဖီကဲ့သို့ အန္တရာယ်ဖြစ်စေသည့် စားသောက်ကုန်များ တရားမဝင် ရောင်းဝယ်ဖောက်ကားမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးခဲ့ရာ အဆိုပါကော်ဖီများရောင်းချခြင်းမရှိကြောင်းတွေ့ရှိရပါသည်။
ထို့နောက် ဆိုင်ရှင်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာဖော်ပြပါရှိသောကုန်ပစ္စည်းများကိုရောင်းချရန် ပညာပေး ဆွေးနွေးခဲ့ပါသည်။ထို့နောက်း ကုန်အညွှန်းအမှတ်အသာ ဖော်ပြချက်နှင့်ပတ်သက်၍ မြန်မာနိုင်ငံစားသုံးသူ ကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားသောညွှန်ကြားချက်အမှတ် (၂/၂၀၁၉) ဖော်ပြပါရှိသော လက်ကမ်းစာစောင်အားဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မွန်)