Main menu

တနင်္သာရီတိုင်းဒေသကြီး ပုဇွန်ခြောက်စျေးကွက်

Powered by Drupal

      တနင်္သာရီတိုင်းဒေသကြီးသည် ရေလုပ်ငန်းများလုပ်ကိုင်ခြင်းဖြင့် အများဆုံး အသက်မွေးဝမ်းကျောင်းပြုသည့်တိုင်းဒေသကြီးဖြစ်ပါသည်။ မြန်မာ့ဟင်းလျာများချက်ရာတွင် အသုံးတည့်လှပြီး ရိုးရာလက်ဖက်သုပ်များစားသုံးရာတွင်လည်း မပါမဖြစ်သော အိမ်ရှင်မများအကြိုက် ပုဇွန်ခြောက်များကို ထားဝယ်၊ မြိတ်ကျွန်းစုနှင့် ပုလောမြို့တို့တွင် အများအပြားထွက်ရှိပါသည်။ ပုဇွန်ခြောက် ပြုလုပ်ပုံ အမျိုးအစား အကြမ်းဖျင်း(၂)မျိုးရှိပါသည်။ ပထမတစ်မျိုးမှာ ပုဇွန်ကို နေပူလှန်း အခြောက်ခံပြီး ဒုတိယတစ်မျိုးမှာ ပုဇွန်ကိုပြုတ်၍ ပုဇွန်ကင်သည့် စင်(ဖို)ပေါ်တင်ပြီး မီးငွေ့ရိုက်ကာ အခြောက်ခံပြုလုပ်ရပါသည်။

      နွေဦးကာလဆိုလျှင် ပုဇွန်ခြောက်စျေးမှာ ပုံမှန်စျေးနှုန်းသာဖြစ်ပြီး မိုးတွင်းကာလဆိုလျှင်  ပုဇွန်လှန်းရန်ခက်ခဲသောကြောင့် စျေးနှုန်းအနည်းငယ်ပိုပေး၍ ဝယ်ယူရကြောင်း သိရှိရပါသည်။ လတ်တလော ထားဝယ်မြို့တွင် ဖြစ်ပေါ်နေသောစျေးနှုန်းမှာ ရေချို(ရှယ်)တစ်ပိဿာလျှင် ၅၀၀၀၀ ကျပ်၊ ရေချို(အလတ်စား) တစ်ပိဿာလျှင်၄၂၀၀၀ကျပ်၊ ရိုးရိုးပုံမှန်တစ်ပိဿာလျှင် (၃၆၀၀၀ − ၃၇၀၀၀) နှုန်း ဖြစ်နေကြောင်း စုံစမ်းသိရှိရပါသည်။

DOCA(တနင်္သာရီ)