Main menu

ခရမ်းချဉ်သီး ဈေးနှုန်း ဆက်လက်မြင့်တက်

Powered by Drupal

          ရွှေဘိုမြို့၌ ဈေးကွက်အတွင်းရောင်းချလျက်ရှိသော ခရမ်းချဉ်သီးများ   ဇန်နဝါရီလ စတုတ္ထပတ်တွင်  ဈေးနှုန်းအနည်းငယ် ဆက်လက်မြင့်တက်လာပြီး ခရမ်းချဉ်သီး တစ်ပိဿာ လျှင် ၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေ၍ ယခင်  ဇန်နဝါရီလ တတိယပတ်တွင် ခရမ်းချဉ်သီး တစ်ပိဿာလျင် ၁၆၀၀ကျပ် ဈေးရှိခဲ့သဖြင့် ယခင်ပတ်နှင့် ယခုပတ် ဈေးနှုန်းနှိုင်းယှဉ်ပါက ခရမ်းချဉ်သီး တစ်ပိဿာလျှင် ယခင်ပတ်ထက် ၄၀၀ကျပ် ဈေးနှုန်း ဆက်လက်မြင့်တက်လာခဲ့သည်။

          ခရမ်းချဉ်သီးဈေးနှုန်း မြင့်တက်လာရခြင်းမှာ ဒေသတွင်းမှ စိုက်ပျိုးသော  ခရမ်းချဉ်သီး အဝင်နည်းပါးလာပြီး တောင်ကြီး၊ အင်းလေး ၊ညောင်ရွှေ စသည့် မြို့များမှ တစ်ဆင့် မှာယူရောင်းချရခြင်းကြောင့်ဖြစ်ပြီး သယ်ယူစရိတ်များ များပြားသောကြောင့် ဖြစ်သည်ဟု ရွှေဘိုမြို့ စည်ပင်သာယာဈေးတွင် ရောင်းချလျက်ရှိသော ခရမ်းချဉ်သီး ပွဲရုံများမှ သတင်း ရရှိသည်။

DOCA(စစ်ကိုင်း)