Main menu

စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေး Talk Show ကျင်းပပြုလုပ်ခြင်း

Powered by Drupal

     ရခိုင်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာန မြောက်ဦးခရိုင်၊ မြေပုံမြို့နယ်တာဝန်ခံ ဦးစံညွှန့် (ဦးစီးမှူး) သည် (၂၇-၁-၂၀၂၃) ရက်နေ့၊ နေ့လယ် (၁:၀၀)နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးရုံးရှိ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show အစီအစဉ်အား ကျင်းပပြုလုပ်ခဲ့ပါသည်။

       အဆိုပါ စားသုံးသူကာကွယ်ရေးဆိုင်ရာ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးမောင်နီချေ (ဒု-ဦးစီးမှူး) က Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးဟူသော အဓိပ္ပါယ်ကို ရှင်းလင်းခြင်းနှင့် စားသုံးသူများ၏အခွင့်အရေးတို့ကို ရှင်းလင်းဆွေးနွေးပေးရန် မေးမြန်းခဲ့ပါသည်။ ၎င်းမေးမြန်းချက်အား စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဦးစံညွှန့်က စားသုံးသူကာကွယ်ရေးဆိုသည်မှာ ကုန်စည်၊ ဝန်ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများ၏ အခွင့်အရေးနှင့်အကျိုးစီးပွားကို ဥပဒေနှင့်အညီ ကာကွယ်ပေးခြင်းနှင့် စားသုံးသူနှင့်စီးပွားရေးလုပ်ငန်းရှင်များအကြား မျှတမှုရှိအောင် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေးရသည့်လုပ်ငန်းစဉ်ဖြစ်ကြောင်း၊ စားသုံးသူရေးရာဦးစီးဌာနကို ၂၀၁၆ ခုနှစ်တွင် စတင်ဖွဲ့စည်းပြီး စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ်၊ မတ်လ (၁၅) ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်က အခန်း(၂၅) ခန်း၊ ပုဒ်မ (၈၄) ခု ပါဝင်ပြဋ္ဌာန်းခဲ့ပြီးဖြစ်ပါကြောင်းနှင့် စားသုံးသူအခွင့်အရေး (၈) ချက်၊ စားသုံးသူ၏တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ ဆက်လက်၍ စားသုံးသူအခွင့်အရေး(၈)ချက်အား ဆွေးနွေးရာတွင် အခြေခံလိုအပ်ချက်များအပေါ် စိတ်ကျေနပ်မှုရရှိစေခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစွာ အသုံးပြုခွင့်ရရှိစေခြင်း၊ လိုအပ်သောသတင်းအချက်အလက်များ ပြည့်စုံမှန်ကန်စွာသိရှိခွင့်နှင့် ပြေစာအထောက်အထားရယူပိုင်ခွင့်ရှိခြင်း၊ စိတ်ကြိုက်ရွေးချယ်ဝယ်ယူနိုင်ခွင့်၊ နစ်နာဆုံးရှုံးမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခွင့်နှင့် တိုင်ကြားခွင့်ရှိခြင်း၊ နစ်နာဆုံးရှုံးမှုအတွက်ကုစားခွင့်ရရှိခြင်း၊ အသိပညာဗဟုသုတများ၊ အခွင့်အရေးများနှင့်လိုအပ်သောအချက်အလက်များကို သိရှိလေ့လာနိုင်ခွင့်၊ ပစ္စုပ္ပန်တွင်သာမက အနာဂတ်မျိုးဆက်သစ်များအတွက်ပါ ကောင်းမွန်သာယာသော လူနေမှုအဆင့်အတန်းနှင့် ပတ်ဝန်းကျင်တွင် နေထိုင်ခွင့်ရရှိစေခြင်းတို့ကို ဆွေးနွေးပြောကြားခဲ့ကြောင်းသိရှိရပါသည်။

DOCA(ရခိုင်)