![](http://www.doca.gov.mm/sites/default/files/styles/consumer_inner_image__847x424_/public/8.3.jpg?itok=yrMQNmge)
ကယားပြည်နယ်တွင် ကုန်စည်များ ပုံမှန်လည်ပတ်လျက်ရှိလာသဖြင့် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဇန်နဝါရီလအတွင်း ဆန်တင်သွင်းမှုမှာ (၉၇၉၀) အိတ် (၄၈၉) တန်၊ ဆီတင်သွင်းမှုမှာ (၁၄၀) ပုံး၊ ကြက်သွန်နီ တင်သွင်းမှုမှာ (၁၀၆၀) အိတ်၊ ငရုပ်သီး တင်သွင်းမှုမှာ (၂၆၈) အိတ်တင်သွင်းခဲ့ပြီး ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၃၅၀) အိတ် (၁၈) တန်၊ ပဲအမျိုးမျိုး တင်ပို့မှုမှာ (၂၀၈၇) အိတ် (၁၀၂) တန်၊ နှမ်းတင်ပို့မှုမှာ (၂၀၄၄) အိတ် (၁၀၀) တန်၊ ပြောင်း တင်ပို့မှုမှာ (၃၉၉၅၆) အိတ် (၁၉၅၇) တန် တင်ပို့နိုင်ခဲ့ကြောင်း၊ ယခင်လနှင့် နှိုင်းယှဉ်ကြည့်လျှင် အခြားဒေသများမှ ပြည်နယ်အတွင်းသို့ ဆန်တင်သွင်းမှုမှာ (၆၈၅၀) အိတ် (၃၄၂) တန်၊ ကြက်သွန်နီ တင်သွင်းမှု (၁၀၆၀) အိတ်၊ ငရုပ်သီး တင်သွင်း မှုမှာ (၂၆၈) အိတ် ပိုမိုလာပြီး ဆီတင်သွင်းမှု (၃၀၀) ပုံးနှင့် (၄၄၅) ဖာ လျှော့နည်းလာခဲ့ကြောင်း ကယားပြည်နယ်မှ အခြားပြည်နယ်သို့ ဆန်တင်ပို့မှုမှာ (၁၇၆၇) အိတ် (၈၈) တန်၊ ပြောင်းတင်ပို့မှုမှာ (၂၇၅၆၃) အိတ် (၁၃၅၀) တန် လျော့နည်းလာပြီး ပဲအမျိုးမျိုး တင်ပို့မှုမှာ (၁၆၁၆) အိတ် (၇၉) တန်၊ နှမ်းတင်ပို့မှု (၁၅၂၄) အိတ် (၇၅) တန်ပိုမိုလာခဲ့ကြောင်း မြို့ဦးဂိတ်စာရင်းများအရ သိရှိရပါသည်။
DOCA(ကယား)