မရမ်းပင်ကို အင်္ဂလိပ်အခေါ်အဝေါ်အရ (MARIAN TREE)ဟုခေါ်ဆိုပါသည် ။မရမ်းပင်သည် အပင်ကြီးအမျိုးအစားထဲတွင်ပါဝင်ပြီး အမြင့်ပေ(၄)စင်တီမီတာကနေ(၇)စင်တီမီတာအထိ ရှိတတ်ပါသည်။ မရမ်းသီးအချို၊ အချဉ် အရသာ (၂)မျိုးရှိပါသည်။ မရမ်းသီးပင်ကို တိုင်းဒေသကြီးများဖြစ်သော ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ပြည်နယ်များဖြစ်သော မွန်ပြည်နယ်၊ ကရင်ပြည်နယ်တို့တွင် စိုက်ပျိုးဖြစ် ထွန်းကြပါသည်။ မရမ်းသီးပင်သည် မြေစေးဆန်ပြီး နှုန်းမြေ ၊ ပူအိုက်စွတ်စိုသောရာသီဥတုတို့တွင် ပိုမိုဖြစ်ထွန်းပါသည်။ မရမ်းပင်ကို စိုက်ပျိုးပြီး( ၇ )နှစ်အကြာတွင် အသီးစတင်ခူးဆွတ်နိုင်ပါသည်။ မရမ်းသီးအထွက်နှုန်းမှာ အပင်ငယ်လျှင် အလုံးရေ ၅၀၀၀/၇၀၀၀ အထိရရှိပြီး အပင်ကြီးလျှင်အလုံးရေ ၂၀၀၀၀/၃၀၀၀၀ အထိ ရရှိနိုင်ပါသည်။ မရမ်းသီးသည် ရာသီချိန်၌သာပေါ်ပြီး ဈေးကွက်တွင် ရောင်းချိန်မကြာသောသီးနှံမျိုးဖြစ်ပါသည်။ မရမ်းသီးသည် ဇန်နဝါရီလလောက်တွင် စတင်ရောင်းချနိုင်ပြီး မတ်လကုန်လောက်တွင် သီးနှံဝင်ရောက်မှုနည်းပါးသွားပါသည်။ သီးနှံပေါ်ချိန်တွင် မရမ်းသီးတစ်ပိဿာလျှင် ၁၈၀၀၀ကျပ်မှ၃၂၀၀၀ကျပ်အထိ ဈေးကောင်းရ လျက်ရှိပြီးအလုံးအကြီး / အသေးပေါ်မူတည်၍လည်း ဈေးနှုန်းကွာခြားမှုရှိသည်ဟု နောင်ယားဈေးအတွင်းရှိ မရမ်းသီးရောင်းချသူတစ်ဦးထံမှ သိရပါသည်။
DOCA(ကယား)