စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်အတွင်း ချင်းတွင်းမြစ်ရိုးအရှေ့ဘက်တွင်တည်ရှိသော ညောင်ဖြူပင်၊ သစ်ဆိမ့်၊ ထနောင်းတော၊ နဂါးတွင်းကျေးရွာများတွင် အနည်းငယ်စိုက်ပျိုးပြီး ဈေးကွက်အတွင်း လိုအပ်သောဂေါ်ဖီထုပ်များကို ရှမ်းပြည်နယ်မှ မှာယူရောင်းချကြပါသည်။ ဒီဇင်ဘာလအတွင်း ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၇၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၅၀၀) ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိရာ ဇန်နဝါရီလအတွင်း ဂေါ်ဖီတစ်ထုပ်အကြီးတစ်ထုပ်လျှင် (၁၀၀၀) ကျပ်၊ အသေးတစ်ထုပ်လျှင် (၇၀၀) ကျပ်ဈေးရှိခဲ့ပြီး ဒီဇင်ဘာလနှင့် ဇန်နဝါရီလ ဈေးနှုန်းနှိုင်းယှဉ်လျှင် ဂေါ်ဖီထုပ်အကြီးတစ်ထုပ်လျှင် (၃၀၀) ကျပ်နှင့် အသေးတစ်ထုပ်လျှင် (၂၀၀) ကျပ်ဈေးနှုန်းတက်သွားကြောင်း မုံရွာမြို့၊ ကန်သာယာဈေးရှိ ရောင်းချသူများထံမှသိရပါသည်။
DOCA(စစ်ကိုင်း)