Main menu

ပြောင်းဈေးကွက်

Powered by Drupal

       ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့တွင် စိုက်ပျိုးလျက်ရှိသည့်သီးနှံများအနက် ပြောင်းသီးနှံများကိုလည်းတွေ့ရှိရပါသည်။ မိုးဦးရာသီတွင် အစိုက်များပြီး ထွက်ရှိသောပြောင်းသီးနှံများကို တရုတ်ပြည်နယ်စပ်သို့ တင်ပို့ရောင်းချလျက်ကြောင်းသိရှိရပါသည်။ ရောင်းချသည့်နှုန်းထားပမာဏသည် ကီလို(၁၀၀)တွင် မြန်မာငွေ(၃၀၀၀၀)ကျပ်ရှိသည်ကိုသိရှိရပါသည်။

     ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့် ကာလအတွင်း စိုက်ပျိုးမှုအနည်းငယ်သာရှိပြီး ဒေသအတွင်းသာရောင်းချလျက်ရှိပါသည်။ ဟိုပန်မြို့အတွင်း ဝက်၊ ကြက်စသည့်တိရိစ္ဆာန်များ မွေးမြူထားသည့်ပြည်သူများသည် ဒေသအတွင်းရောင်းချနေသော ပြောင်းကိုဝယ်ယူပြီး မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်နေသည်ကိုသိရှိရပါသည်။ သာယာလှပသော တောတောင်ရေမြေအလှနှင့်အတူ စိုက်ပျိုးမှုအထွက်ကောင်းပြီး တောင်သူများအနေဖြင့် အပြုံးပန်းများဝေဆာလျက်ရှိသည်ကိုသိရှိရပါသည်။ ကိုဗစ် - ၁၉ ကာလပြီးနောက် စီးပွားရေးလုပ်ငန်းရှင်များဝယ်ယူလိုသည့် သီးနှံများကိုသာ တောင်သူများသည် အဓိကစိုက်ပျိုးသည်ကိုတွေ့ရှိရပါသည်။

DOCA(ရှမ်း)