ကျောက်မဲမြို့နယ်၌ ဖွင့်လှစ်ရောင်းချလျက်ရှိသော ဆန်ဆိုင်များမှ စီးပွားရေးလုပ်ငန်းရှင်များအားတွေ့ဆုံပြီး လက်ရှိဆန်ဈေးနှုန်းအခြေအနေများကို စုံစမ်းမေးမြန်းခဲ့ရာတွင် ဆန်ကြမ်းတစ်အိတ်လျှင် ပျမ်းမျှအားဖြင့် (၇၀၀၀)ကျပ်ခန့် မြင့်တက်လျက်ရှိပြီး ဆန်ချောတစ်အိတ်လျှင် ပျမ်းမျှအားဖြင့် (၁၅၀၀၀)ကျပ်ခန့်အထိ မြင့်တက်လျက်ရှိကြောင်းသိရှိရပါသည်။ ဆန်အမျိုးအစားများအလိုက် ဈေးနှုန်းများမှာ ပေါ်ဆန်းမွှေး(အသစ်) (၂၄) ပြည်တစ်အိတ်လျှင် (၈၂၀၀၀)ကျပ်၊ မနောသုခ (၂၄) ပြည်ပါတစ်အိတ်လျှင် (၅၅၀၀၀)ကျပ်၊ ဒေသရှမ်းဆန် (၂၄) ပြည်ပါတစ်အိတ်လျှင် (၆၀၀၀၀)ကျပ်၊ မဂျမ်းတော (၂၄) ပြည်ပါတစ်အိတ်လျှင် (၇၅၀၀၀)ကျပ်နှင့် မှော်ဘီစူပါ (၂၄) ပြည်ပါတစ်အိတ်လျှင် (၆၀၀၀၀)ကျပ်တို့ဖြစ်ကြောင်းသိရှိရပြီး ဆန်ဈေးနှုန်းများသည် ယခင်လထက် သိသိသာသာမြင့်တက်လျက်ရှိကြောင်းကိုလည်းသိရှိရပါသည်။
DOCA(ရှမ်း)