မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် ကုလားပဲ(ဆောင်း)စိုက်ပျိုးမှုအနေဖြင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၉၄၁၄)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင် (၁၅၀၁၂) ဧက ၊ မြစ်သားမြို့နယ်တွင်(၃၁၅၅၆)ဧက ၊ စုစုပေါင်း(၇၅၉၈၂)ဧက စိုက်ပျိုးနိုင်ခဲ့ပြီး ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် ကျောက်ဆည်မြို့နယ်တွင်(၂၆၀၂၆)ဧက ၊ စဉ့်ကိုင်မြို့နယ်တွင်(၁၆၃၀၄)ဧက ၊ မြစ်သားမြို့နယ်တွင် (၃၁၇၄၉)ဧက၊စုစုပေါင်း(၇၄၀၇၉)ဧက စိုက်ပျိုးခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရသိရှိရပါသည် ။ ကုလားပဲကို မျိုးအနေဖြင့် (V2)မျိုးနှင့် ရိုးရိုးကုလားပဲလုံးသေးမျိုးဟူ၍ (၂)မျိုးရှိပြီး(V2)ကုလားပဲမျိုးကိုသာအများဆုံး စိုက်ပျိုးကြကြောင်း သိရှိရပါသည်။(၁)ဧကလျှင် မျိုးစေ့ (၁.၅-၂)တင်းနှုန်းခန့်ကုန်ကျပြီး တောင်သူများအနေဖြင့် ကုလားပဲမျိုးကို မျိုးချန်စနစ်ဖြင့် စိုက်ပျိုးကြသလို အချို့မှာစိုက်ပျိုးချိန်ရောက်မှ စျေးကွက် အတွင်းမှဝယ်ယူ၍ စိုက်ပျိုးကြကြောင်း ၊ ယခုနှစ်တွင် ကုလားပဲမျိုး စျေးနှုန်းအနေဖြင့် ကုလားပဲ(V2)တစ်တင်းလျှင် (၆၄၀၀၀/-)ကျပ် ၊ ကုလားပဲ(ရိုးရိုး) တစ်တင်းလျှင် (၅၄၀၀၀/-)ကျပ် စျေးနှုန်းဖြင့် ဝယ်ယူစိုက်ပျိုးရပါသည် ။ နှစ်စဉ် ကုလားပဲကို အောက်တိုဘာလ နှင့် နိုဝင်ဘာလ များတွင် စိုက်ပျိုးပြီး ယခုအချိန်တွင် ကျောက်ဆည်ခရိုင်အတွင်းရှိ ကုလားပဲ(ဆောင်း) စိုက်ဧကများမှာ စတင်ရိတ်သိမ်းလျှက်ရှိပြီး(၁)ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစု၊ လုပ်သားခစုစုပေါင်း(၂၀၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျပါသည် ။ ကုလားပဲစိုက်ပျိုး ရာတွင် မြေဆီလွှာအစိုဓါတ်နှင့်နှင်းကျဆင်းမှုပေါ်မူတည်သော်လည်း ယခုနှစ်တွင် ကျောက်ဆည်ခရိုင် ဒေသတွင် မိုးနှောင်းတွင်မိုးရွာသွန်းမှုနည်းပါခြင်း၊ဆောင်းဦးရာသီတွင်နှင်းကျဆင်းမှုနည်းပါးခြင်းတို့ ကြောင့် ကုလားပဲများရိတ်သိမ်းချိန်၌ အထွက်နှုန်းနည်းပါပြီး (၁)ဧကလျှင်(၇-၈)တင်းခန့်ထွက်ရှိ ကြောင်း ၊ စျေးနှုန်းအနေဖြင့် ယခင်နှစ်တွင် ကုလားပဲ(V2)တစ်တင်းလျှင် (၃၇၀၀၀/-)ကျပ် ၊ ကုလားပဲရိုးရိုးတစ်တင်းလျှင်(၃၅၀၀၀/-)ကျပ် စျေးနှုန်းသာရှိခဲ့ပြီး ယခုနှစ်တွင် ကုလားပဲ(V2) တစ်တင်းလျှင်(၆၄၅၀၀/-)ကျပ် ၊ ကုလားပဲရိုးရိုးတစ်တင်းလျှင် (၆၀၀၀၀/-)ကျပ် စျေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယခင်နှစ်ထက်တောင်သူများအနေဖြင့် စျေးနှုန်း ပိုမိုရရှိခဲ့ပြီး(၁)ဧက အကျိုးအမြတ်အနေဖြင့်(၂၅၀၀၀၀/-)ကျပ် ခန့်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။
DOCA(မန္တလေး)