Main menu

ကျောက်ဆည်ခရိုင်အတွင်း ရောင်းချနေသောအခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်အတွင်း မြို့နယ်များရှိ စည်ပင်သာယာဈေးများတွင် ၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း ရောင်းချလျက်ရှိသော အခြေခံစားကုန်များမှာ ဧယာပဒေသာဆန် (သစ်)တစ်ပြည် (၂၅၀ဝိ/-)ကျပ် ၊ ဧယာပဒေသာဆန် (သစ်) (၂၄)ပြည်  တစ်အိတ်လျှင်(၆၀၀၀ဝိ/-)ကျပ်၊မနောသုခဆန်(သစ်) တစ်ပြည်(၂၂၀ဝိ/-)ကျပ်၊ မနောသုခ ဆန်(သစ်) (၂၄)ပြည် တစ်အိတ်လျှင်(၅၂၀၀ဝိ/)ကျပ်၊ ခရမ်းချဉ်သီး(ရှမ်း) လက်လီဈေးနှုန်းမှာ တစ်ပိဿာလျှင်(၁၈၀ဝိ/-) ကျပ် ၊ ခရမ်းချဉ်သီး(ဗမာ) လက်လီဈေးနှုန်းမှာ တစ်ပိဿာ လျှင်(၁၅၀ဝိ/-)ကျပ် ၊ ကြက်သွန်နီ(သစ်) လက်လီဈေးနှုန်းမှာ(ကြီး) တစ်ပိဿာလျှင်(၂၀၀ဝိ/-)ကျပ်၊ (လတ်) တစ်ပိဿာလျှင် (၁၈၀ဝိ/-) ကျပ်၊ (အသေး) တစ်ပိဿာလျှင်(၁၇၀ဝိ/-)ကျပ်၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာလျှင်(၄၅၀ဝိ/-) ကျပ်၊(ရှမ်း)တစ်ပိဿာလျှင်(၄၀၀ဝိ/-)ကျပ် ၊ အာလူးတစ်ပိဿာလျှင်(၂၂၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး (ဟောင်း) တစ်ပိဿာလျှင် (၄၅၀ဝိ/-)ကျပ် ၊ မန်ကျည်းသီး(သစ်) တစ်ပိဿာလျှင် (၄၀၀ဝိ/-)ကျပ် ဂျင်းတစ်ပိဿာလျှင်(၂၀၀ဝိ/-)ကျပ် ၊ ဆားတစ်ပိဿာလျှင်(၆၀ဝိ/-)ကျပ်ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ခရိုင်၏ သား ၊ ငါး ဈေးနှုန်းများမှာ ကြက်သား(ဗမာ) တစ်ပိဿာလျှင်(၁၃၀၀ဝိ/-)ကျပ် ၊ ကြက်သား(CP) တစ်ပိဿာလျှင် (၁၀၀၀ဝိ/-) ကျပ် ၊ ဝက်သား တစ်ပိဿာလျှင်(၁၄၀၀ဝိ/-)ကျပ်၊ အမဲသား တစ်ပိဿာလျှင်(၁၃၀၀ဝိ/-)ကျပ်၊ ဆိတ်သားတစ်ပိဿာ လျှင်(၂၄၀၀ဝိ/-)ကျပ် နှင့် ငါးမြစ်ချင်း တစ်ပိဿာလျှင်(၇၀၀၀)ကျပ် ၊ ငါးကြင်း တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ငါးခေါင်းပွ တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ဆီဈေးနှုန်းများအနေဖြင့် ပဲဆီသန့် တစ်ပိဿာလျှင် (၁၂၀၀ဝိ/-) ကျပ် ၊ နှမ်းဆီသန့် တစ်ပိဿာလျှင်(၁၀၀၀ဝိ/-)ကျပ် ၊ နေကြာဆီသန့် တစ်ပိဿာလျှင်(၁၃၀၀၀) နှင့် စားဆီတစ်ပိဿာလျှင် (၆၉၀ဝိ/-)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်းသိရှိရပါသည်။အခြေခံစားသောက် ကုန်များ၏ဈေးနှုန်းများအား ယခင် ဇန်နဝါရီလ ဒုတိယပတ်နှင့်နှိုင်းယှဉ်ပါက ကြက်သွန်နီ၊ ခရမ်းချဉ်သီး(ဗမာ)၊အာလူးနှင့် ဂျင်းဈေးနှုန်းများမှာ အနည်းငယ်ကျဆင်း၍ ဆန်၊စားဆီနှင့် ကြက်သားဈေးနှုန်းများအနည်းငယ်မြင့်တက်ခဲ့ပြီး ကျန်အခြေခံစားသောက်ကုန်ဈေးနှုန်းများမှာ တည်ငြိမ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)