Main menu

ဝါဂွမ်းစျေးနှုန်း မြှင့်တက်လျက်ရှိ

Powered by Drupal

        မိတ္ထီလာခရိုင်တွင် ဝါသီးနှံကို အများဆုံးစိုက်ပျိုးပြီး၊ ဝါကောက်သိမ်းရာသီမှာ အောက်တိုဘာလမှစ၍ မတ်လအထိကောက်သိမ်းနိုင်သော်လည်း ယခုနှစ် ဝါသီးရင့်မှဲ့ချိန်၌ မိုးများခဲ့ခြင်းကြောင့် အသီး၊ အပင်များထိခိုက်ကာ ဒီဇင်ဘာလအထိသာ ကောင်းစွာကောက်သိမ်းနိုင်ခဲ့ပါသည်။ ဝါသိုလှောင်ဝယ်ယူသူများအနေနှင့် ဝါကိုများစွာသိုလှောင်မှုမရှိဘဲ ဂွမ်းအဖြစ်သာ သိုလှောင်ကြရာ ယခင်တစ်ပတ် ဝါဂွမ်းစျေးနှုန်းတစ်ပိဿာလျှင် (၆၂၀၀) ကျပ်ရှိခဲ့သော်လည်း၊ ယခုဖေဖော်ဝါရီလဆန်းတွင် (၇၂၀၀) ကျပ်စျေးရှိကြောင်း၊ ယခင်အပတ်နှင့်ယခုအပတ်နှိုင်းယှဉ်လျှင် ဝါဂွမ်းတစ်ပိဿာလျှင် (၁၀၀၀) ကျပ် ခန့်စျေးနှုန်းမြှင့်တက်လာကြောင်း သိရပါသည်။

DOCA(မန္တလေး)