မိတ္ထီလာခရိုင် မလှိုင်မြို့နယ်သည် ပဲစင်းငုံကို မန္တလေးတိုင်းဒေသကြီးအတွင်း ဒုတိယအများဆုံး စိုက်ပျိုးကြရာ ယခုနှစ် ပဲစင်းငုံပေါ်စ ဒီဇင်လာလတွင် တစ်တင်း (၅၅၀၀၀) ကျပ် ရှိသော်လည်း လက်ရှိ ဖေဖော်ဝါရီလဆန်းတွင် တစ်တင်း(၆၀၀၀၀) ကျပ် ဝန်းကျင်အထိ စျေးမြင့်လာပါသည်။ပဲစင်းငုံမှာအိန္ဒိယသို့ အများဆုံးတင်ပို့ကြောင်းသိရပြီး၊ ဒေသတွင်း၌လည်း စားသုံးမှုရှိသော သီးနှံဖြစ်ပါသည်။ ပဲစင်းငုံစျေး၊ ကုလားပဲစျေးနှင့် နှိုင်းယှဉ်ပါက စျေးနိမ့်ခြင်းကြောင့် ကုလားပဲခြမ်းအစား ပဲစင်းငုံခြမ်းကို စားသုံးမှုပိုလာကြပါသည်။ ကုလားပဲခြမ်းမှာ တစ်ပိဿာလျှင် (၄၆၀၀-၄၇၀၀) ကျပ်ရှိပြီး၊ ပဲစင်းငုံခြမ်းမှာ (၃၆၀၀) ကျပ်သာရှိသဖြင့် စားသုံးမှုများလာကြောင်း စျေးကွက်မှ သိရသည်။
DOCA(မန္တလေး)