Main menu

ဝါသီးနှံကုန်ဆုံးလုနီးတွင် ထွက်ရှိသည့် ‘ဝါလေ’များ စျေးကောင်းရရှိ

Powered by Drupal

        ဝါသီးနှံကုန်ဆုံးလုနီးလာပြီး ယခုဖေဖော်ဝါရီလဆန်းတွင် အရည်အသွေးအနည်းငယ်နိမ့်သည့် ဒေသအခေါ်‘ဝါလေ’များကို ကောက်သိမ်းနေကြပါသည်။ဝါလေစျေးမှာလည်း ယခုနှစ်ဝါစျေးကောင်းခြင်းကြောင့် တစ်ပိဿာ (၂၈၀၀) ကျပ် ဝန်းကျင်ရရှိကြပါသည်။ ဝါစိုက်တောင်သူများမှာ ဒေသဓလေ့အရ အချို့သော ကျေးရွာများတွင် ကောက်သိမ်းရရှိသည့် သီးနှံရောင်းစျေးအပေါ် ပိုင်ရှင်နှင့်လုပ်သား ထက်ဝက်မျှ ရယူကြသော်လည်း၊ အချို့သော ကျေးရွာများတွင် စျေးကောင်း ရရှိသဖြင့် လုပ်သားအား ‌နေ့စားဖြင့်သာ ပေးချေကြပါသည်။ လုပ်သားခမှာ တစ်ရက်လျှင် (၅၀၀၀) ကျပ်သာရရှိပြီး ၊ ယခုဖေဖော်ဝါရီလဆန်းပိုင်တွင် နွားစားပြောင်းမှအပ အခြားသီးနှံများမရှိသဖြင့် ဝင်ငွေရရှိရန် လုပ်ကိုင်ရကြောင်းသိရသည်။

DOCA(မန္တလေး)