Main menu

ကံမမြို့နယ်၊ မင်းကုန်းအခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ စားသုံးသူကာကွယ်ရေး အသိပညာပေး

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူးနှင့် ခရိုင်ဦးစီးမှူးတို့၏လမ်းညွှန်မှုဖြင့် သရက်ခရိုင်ဦးစီးမှူးရုံးမှ ကံမ မြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူး ဒေါ်နွဲ့ယဉ်ဝင်းသည် ကံမမြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာန၏ဖိတ်ကြားချက်အရ (၇-၂-၂၀၂၃)ရက်နေ့ နေ့လယ်(၁၃:၀၀)နာရီအချိန်တွင် အမှတ်(၁)ရပ်ကွက်၊ မင်းကုန်း အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများအား စားသုံးသူအခွင့်အရေးများသိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ဟောပြောရာတွင် ကံမမြို့နယ်တာဝန်ခံ ဒု-ဦးစီးမှူးဒေါ်နွဲ့ယဉ်ဝင်းက ကျောင်းသား/ကျောင်းသူများအား စားသုံးသူရေးရာဦးစီးဌာနဖြစ်ပေါ်လာပုံ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံမှန်ကန်စွာပါရှိသောကုန်ပစ္စည်းများအား ရွေးချယ်အသုံးပြုနိုင်စေရေး အသေးစိတ်ရှင်းလင်းခြင်းနှင့် ကံမမြို့နယ် အားကစားနှင့်လူငယ်ရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စိုးမိုးခိုင်က အားကစားစိတ်ဓာတ်မြင့်မားရေးအကြောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်သန်းသန်းဆွေက လူငယ်နှင့်စာပေအကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်မှထုတ်ပြန်ထားသည့် ညွှန်ကြားချက်အမှတ်(၂/၂၀၁၉)၊ ဥပဒေလက်ကမ်းစာစောင်များ၊ အခန်း(၁၈)ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာစာစောင်များအား ကျောင်းအုပ်ဆရာမကြီးထံသို့ ပေးအပ်ခဲ့ပြီး ကျောင်းသား/ကျောင်းသူ (၂၀၈)ဦးနှင့် ဆရာ/ဆရာမ(၁၁)ဦး စုစုပေါင်း (၂၁၉)ဦး  တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

DOCA(မကွေး)