Main menu

“ဈေးကောင်းရနေသောဒန့်သလွန်သီးများ”

Powered by Drupal

       မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် စပါးကိုအဓိကထားစိုက်ပျိုးကြသော်လည်း ကျေးလက်နေတောင်သူများသည် ဆေးဖက်ဝင်အပင်တစ်မျိုးဖြစ်သည့် ဒန့်သလွန်ပင်များကိုမူ စီးပွားဖြစ်စိုက်ပျိုးကာ မိသားစုတစ်နိုင်တစ်ပိုင်စားသုံးရန်နှင့် အပိုဝင်ငွေရရှိရန်စိုက်ပျိုးကြပါသည်။ ဒန့်သလွန်ပင်ကို ရာသီဥတုမရွေးစိုက်ပျိုးနိုင်ပြီး ယင်းဒန့်သလွန်ပင်သည် မည့်သည့်မြေ အမျိုးအစားတွင်မဆို ရှင်သန်ကြီးထွားနိုင်ပါသည်။ ရေမဝပ်သောမြေများတွင် စိုက်ပျိုးပါက ပို၍အောင်မြင်ဖြစ်ထွန်းနိုင်ပါသည်။ ဒန့်သလွန်ပင်ကို အစေ့တိုက်ရိုက်ချပြီးစိုက်ပျိုး၍ သော်လည်းကောင်း၊ ကိုင်းဖြတ်စိုက်ပျိုးနည်းဖြင့်လည်းကောင်း စိုက်ပျိုးကြပါသည်။ ကိုင်းဖြတ်စိုက်ပျိုးသော ဒန့်သလွန်ပင်သည် ()နှစ်သားအရွယ်တွင် စတင်သီးပွင့်ပါသည်။ ()နှစ်()နှစ်သားများတွင် အသီးများအများဆုံးသီးလေ့ရှိပါသည်။ ယနေ့ခေတ်တွင် အစေ့ချစိုက်ပျိုးနည်းတူ ()လမျိုးဖြစ်သော ဒန့်သလွန်မျိုးများစိုက်ပျိုးလာကြသည်ကိုလည်း တွေ့ရပါသည်။ ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလများသည် ဒန့်သလွန်သီးများဖြိုင်ဖြိုင်သီးသောလများဖြစ်ပါသည်။ အပင်တစ်ပင်တွင် တစ်နှစ်ပတ်လုံး အသီးအတောင့်(၇၀၀)အထိသီးနိုင်ပါသည်။ ဈေးကွက်အတွင်းတွင် ဒန့်သလွန်သီး(၁၀)တောင့်ပါ ()စီးလျှင် (၂၀၀-၃၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိပြီး စိုက်ပျိုးမှုများသောဒန့်သလွန်ခြံများတွင် ခြံပိုင်ရှင်များသည် ဒန့်သလွန်သီးများကို ဖောက်သည်ဈေးပေးသည့်အခါ အတောင့်(၁၀၀)လျှင် (၁၅၀၀)ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ ဒန့်သလွန်ပင်သည် ဆေးဖက်ဝင်အပင်မျိုးနွယ်ဖြစ်ပြီး တစ်ပင်လုံးအသုံးဝင်ပါသည်။ အရွက်ကို ဟင်းချိုချက်၍စားသုံးနိုင်သကဲ့သို့ အပွင့်ကိုလည်း ရေနွေးဖျောပြီး လက်သုပ်သုပ်စားနိုင်ပါသည်။ အချဉ်ရည်ဟင်းနှင့် ပဲကုလားဟင်းများတွင်လည်း ဒန့်သလွန်အသီးမှာ မပါမဖြစ်သောအသီးဖြစ်ပါသည်။ ဒန့်သလွန်အစေ့မှာလည်း သွေးတိုးရောဂါရှိသူများအနေဖြင့် အရေးပေါ်သွေးကျဆေးမရှိပါက ဒန့်သလွန်အစေ့ကိုဝါးစား၍ ရောဂါကိုထိန်းထားနိုင်ပါသည်။ ဒန့်သလွန်ပင်စိုက်ပျိုးခြင်းဖြင့် စီးပွားဖြစ်ဝင်ငွေတိုးစေသည့်အပြင် ကျန်းမာရေးအတွက် ဆေးဖက်ဝင်သောသီးနှံဖြစ်သည့်အတွက် ဒန့်သလွန်ပင်များကို အိမ်တိုင်းတွင်စိုက်ပျိုးသင့်ပါကြောင်း ရေးသားတင်ပြအပ်ပါသည်။ 

DOCA(မန္တလေး)