စားဖိုဆောင်သီးနှံတစ်ခုဖြစ်သည့် ကြက်သွန်ဖြူကို မုံရွာမြို့နယ်အတွင်း၌လည်း တပိုင်တနိုင် စိုက်ပျိုးလျက်ရှိကြပြီး၊ ယခင်နှစ်စိုက်ပျိုးချိန်တွင် ထွက်ရှိမှုနည်းပါးနေခြင်း၊ ဒေသထွက်များ လှိုင်လှိုင်မပေါ်သေးခြင်းကြောင့် ကြက်သွန်ဖြူကို အောင်ပန်း၊ ကလောတို့မှ သယ်ယူကာ ရောင်းချ လျက်ရှိကြောင်း၊ လက်ရှိ ဈေးကွက်အတွင်းဖြစ်ပေါ်နေသော ဈေးနှုန်းများမှာ ယခုဖေဖော်ဝါရီလ ဒုတိယပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာလျှင် (၇၀၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၅၀၀၀)၊ ယခင် ဇန်နဝါရီလဒုတိယပတ်တွင် ကြက်သွန်ဖြူ ရှမ်းစ တစ်ပိဿာ လျှင် ကျပ်(၆၀၀၀)၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် (၄၅၀၀) ဖြင့်ရောင်းချလျက်ရှိကြောင်း၊ ယခုဖေဖော်ဝါရီလ ဒုတိယပတ်နှင့် ယခင် ဇန်နဝါရီလ ဒုတိယပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစတစ်ပိသာလျှင် ကျပ် (၁၀၀၀)ခန့်၊ (ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀)ကျပ် ဈေးနှုန်းမြင့်တက် လျက်ရှိကြောင်း မုံရွာမြို့၊မြသလ္လာဈေးတွင်ရောင်းချနေသော ကုန်သည်ပွဲစားများထံမှ သိရှိရပါသည်။
DOCA(စစ်ကိုင်း)