ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနသည် စားသုံးသူများဘေးအန္တရာယ်ကင်းရှင်းစေရေးနှင့် ထုတ်ကုန်များလုံခြုံစိတ်ချရမှုရှိစေရေးတို့အတွက် စားသုံးသူကာကွယ်ရေးအသိပညာပေးဟောပြောဆွေးနွေးပွဲကျင်းပခြင်းနှင့်စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိပါသည်။ (၈-၂-၂၀၂၃) ရက်နေ့တွင် ကျောက်ဆည်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးဆောင်သောအဖွဲ့သည် ကျောက်ဆည်မြို့နယ်၊ လက်ပံပင်ကျေးရွာ၌ ကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးဥပဒေနှင့်ပတ်သက်သည့်အကြောင်းအရာများဟောပြောဆွေးနွေးခဲ့ပါသည်။ ရှေးဦးစွာ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးကျင်ဌေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စားသုံးသူရေးရာဌာနခွဲတာဝန်ခံ ဦးဇော်မင်းလတ် (ဦးစီးမှူး) က စားသုံးသူကာကွယ်ရေးဥပဒေပါအချက်များဖြစ်သည့် စားသုံးသူများ၏အခွင့်အရေးများ၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များနှင့် ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးများနှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်များရှိ Consumer Information & Complaint Center (CICC) များနှင့် Consumer Call Center ဖြစ်သည့် 1535 သို့ ခေါ်ဆို၍ တိုင်ကြားနိုင်သည့်အပြင် စားသုံးသူရေးရာဦးစီးဌာန၏ Website ဖြစ်သော www.doca. gov.mm ထဲသို့ဝင်ရောက်ပြီး တိုင်ကြားနိုင်ပါကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး အသိပညာပေးဟောပြောဆွေးနွေးပွဲများသို့ ကျေးရွာသူ/ကျေးရွာသား (၁၃၀)ဦးတက်ရောက်ခဲ့ပြီး တက်ရောက်လာသောကျေးရွာသူ/ကျေးရွာသားများအား စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ပါသည်။
DOCA(မန္တလေး)