Main menu

“ပဲစင်းငုံစိုက်ပျိုးမှုနှင့်စျေးနှုန်းစျေးကွက်အခြေအနေ”

Powered by Drupal

     ကျောက်ဆည်ခရိုင်တွင် စပါး၊ ပဲ၊ နှမ်း၊ ငရုတ် စသည့်သီးနှံများစိုက်ပျိုးမှုများပြီး ပဲမျိုးစုံအနက်မှ ပဲစင်းငုံသီးနှံကိုလည်းစိုက်ပျိုးကြရာ ကျောက်ဆည်မြို့နယ်တွင် (၁၃၁၂)ဧက၊ မြစ်သားမြို့နယ်တွင် (၇၀၂)ဧက စုစုပေါင်း (၂၀၁၄)ဧကစိုက်ပျိုးနိုင်ခဲ့ကြောင်း သက်ဆိုင်ရာဌာန၏ စာရင်းများအရရှိရပါသည်။ ပဲစင်းငုံကို သီးသန့်စိုက်ပျိုးမှုနည်းပြီး  နှမ်း၊ ဝါ၊ ပဲတီစိမ်းသီးနှံများထဲတွင် သီးညှပ်အဖြစ်စိုက်ပျိုးကြပါသည်။ ပဲစင်းငုံကို သီးသန့်တစ်မျိုးတည်းစိုက်ပျိုးပါက မျိုးအနေဖြင့် တစ်ဧကလျှင် ()ပြည်စိုက်ပျိုးရပြီး သီးညှပ်အဖြစ်စိုက်ပျိုးပါက တစ်ဧကလျှင် ()ပြည် စိုက်ပျိုးကြကြောင်း၊ မျိုးစေ့စျေးနှုန်းအနေဖြင့် ()ပြည်လျှင် (၃၅၀၀/-)ကျပ်စျေးနှုန်းဖြင့်ဝယ်ယူရကြောင်း၊ စိုက်ပျိုးသည့်မျိုးများမှာ ကြေးနီရောင်တဘက်လှဲမျိုး၊ ရွှေဝါရောင်လုံးသေးဒင်္ဂါးမျိုးများကို အများဆုံးစိုက်ပျိုးကြကြောင်း၊ မိမိစိုက်ခင်းမှ မျိုးကိုချန်ပြီး စိုက်ပျိုးမှုရှိသကဲ့သို့ စိုက်ပျိုးချိန်ရောက်မှဝယ်ယူ၍စိုက်ပျိုးကြကြောင်း၊ ဇွန်လ(သို့မဟုတ်) ဇူလိုင်လများတွင် စတင်စိုက်ပျိုးကြပြီး ယခုအချိန်တွင်စတင်ရိတ်သိမ်းနေပြီဖြစ်ကြောင်း၊ ပဲစင်းငုံတစ်ဧကကုန်ကျစရိတ်အနေဖြင့် မျိုး၊ သွင်းအားစုအပါအဝင် လုပ်သားခစုစုပေါင်း (၁၈၀၀၀၀/-)ကျပ် ဝန်းကျင်ခန့်ကုန်ကျပြီး အထွက်နှုန်းအနေဖြင့် (-၁၀)တင်းခန့်ထွက်ရှိကြောင်း၊ ယခင်နှစ်တွင် ပဲစင်းငုံစျေးနှုန်းအနေဖြင့် တစ်တင်းလျှင် (၄၁၅၀၀/-)ကျပ်စျေးနှုန်းရှိခဲ့ပြီး ယခုနှစ်တွင် (၆၀၀၀၀/-)ကျပ်စျေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ပဲစင်းငုံတစ်တင်းလျှင် (၁၈၅၀၀/-)ကျပ်အထိစျေးနှုန်းပိုမိုရရှိခဲ့ကြောင်း၊ ()ဧကလျှင် အကျိုးအမြတ်အနေဖြင့် (၃၆၀၀၀၀/-)ကျပ်ဝန်းကျင်ခန့်ရရှိကြောင်း ပဲစင်းငုံစိုက်တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရပါသည်။

DOCA(မန္တလေး)