Main menu

မုံရွာမြို့တွင် ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

        ၂၀၂၃ ခုနှစ် ဖေဖေါ်ဝါရီလ ဒုတိယအပတ်အတွင်း မုံရွာမြို့နယ်အတွင်း၌ အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်းဆန်တစ်ပြည် (၃၆၀၀)ကျပ်၊ ဧရာမင်းဆန်တစ်ပြည်အဟောင်း (၃၁၀၀) ကျပ်နှင့် ဧရာမင်းဆန်တစ်ပြည်အသစ်(၂၈၀၀)ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင်(၆၇၀၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင်(၁၂၀၀၀) ကျပ်၊ နှမ်းဆီ တစ်ပိဿာလျှင် (၁၁၀၀၀) ကျပ်၊ ကြက်သွန်နီ လက်လီ တစ်ပိဿာလျှင် (၂၂၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူလက်လီ (ဗမာ) တစ်ပိဿာ လျှင် (၇၀၀၀)ကျပ်မှ (၈၀၀၀) ကျပ်ထိ၊ ကြက်သွန်ဖြူ (ရှမ်း)တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ (၅၅၀၀)ကျပ်ထိ၊ ကြက်သွန်ဖြူ(ကြူကုတ်) တစ်ပိဿာလျှင် (၅၀၀၀)ကျပ်မှ(၅၅၀၀)ကျပ်ထိ၊ ချင်း တက်တစ်ပိဿာ လျှင် (၁၄၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊ ငရုတ် ခြောက်အမျိုးအစားအလိုက်  (၁၈၀၀၀)  ကျပ် မှ (၁၉၀၀၀)ကျပ်ထိ၊ အာလူးတစ်ပိဿာလျှင်း (၂၄၀၀)ကျပ်မှ (၂၅၀၀) ကျပ်ထိ၊ ခရမ်းချဉ်သီး တစ်ပိဿာလျှင် (၁၀၀၀)ကျပ်မှ (၁၂၀၀)ကျပ်တို့ ဖြင့်အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။

       ကြက်ဥလက်လီဈေးနှုန်းမှကြီး တစ်လုံး(၂၅၀)ကျပ်၊ သေးတစ်လုံး(၂၀၀)ကျပ်၊ ဘဲဥ(ကြီး) တစ်လုံး (၃၅၀)ကျပ်၊ သေးတစ်လုံး(၃၀၀)ကျပ်ရှိပါသည်။ မုံရွာမြို့၏ သား/ ငါးဈေးနှုန်းမှ ကြက်သား (CP) တစ်ပိဿာ( ၉၅၀၀)ကျပ်မှ  (၁၀၀၀)ကျပ်ထိ ၊ ကြက်သား(ဗမာ) တစ်ပိဿာလျှင် (၁၂၀၀၀) ကျပ်၊ ဝက်သားတစ်ပိဿာ(၁၆၀၀၀)ကျပ်မှ (၁၇၀၀၀) ကျပ်ထိ၊ အမဲသားတစ်ပိဿာ (၁၆၀၀၀) ကျပ်မှ (၁၇၀၀၀)ကျပ်ထိ၊ ငါးမြစ်ချင်းတစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ငါးကြင်း တစ်ပိဿာလျှင် (၈၀၀၀) ကျပ် တို့ဖြင့်အရောင်းအဝယ်ဖြစ်နေကြောင်းသိရပါသည်။

     ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်း အခြေခံစားကုန်ဈေးနှုန်းများနှင့် ယခင်အပတ်ဈေးနှုန်းများ နှိုင်းယှဉ်ကြည့်လျှင် စားအုန်းဆီတစ်ပိဿာလျှင်(၂၅၀)ကျပ်၊ ကြက်သွန်ဖြူ(ဗမာ)တစ်ပိဿာလျှင် (၅၀၀/၁၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင်(၁၀၀)ကျပ်၊ ဘဲဥတစ်လုံးလျှင်(၅၀)ကျပ်နှင့်  အမဲသား တစ်ပိဿာလျှင်(၁၀၀၀)ကျပ်တို့ ဈေးတက်ကြောင်း၊  ခရန်းချဉ်သီး တစ်ပိဿာလျှင် (၈၀၀)ကျပ်နှင့် ငါးမြစ်ချင်းတစ်ပိဿာ လျှင်(၂၀၀၀)ကျပ်ဈေးကျသွားကြောင်း၊ အခြားအခြေခံစားကုန်ဈေးနှုန်များ ဈေးတည်ငြိမ်နေကြောင်း မုံရွာမြို့ဈေးရောင်းချသူများထံမှ  သိရှိရပါသည်။

DOCA(စစ်ကိုင်း)