Main menu

ရွှေဘိုမြို့ ကုန်းဘောင်ဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

            ရွှေဘိုမြို့ အမှတ်(၁၀)ရပ်ကွက်ရှိ ကုန်းဘောင်ဈေးတွင် ဖေဖော်ဝါရီလ ဒုတိယပတ်တွင် ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ ပုပ္ပားမြို့နှင့် မတ္တရာမြို့မှထွက်ရှိသည့် မာလကာသီး တစ်လုံးလျှင်(၂၀၀)ကျပ်မှ(၄၀၀)ကျပ်ထိ၊ တောင်ကြီး မြို့နှင့်  ပြင်ဦးလွင်မြို့မှ ထွက်ရှိသည့် ထောပတ်သီး တစ်လုံးလျှင် (၃၅၀)ကျပ်မှ (၇၀၀)ကျပ်ထိ၊ ဒေသတွင်းနှင့် ပြင်ဦးလွင်မြို့မှ စတော်ဘယ်ရီသီး တစ်ပိဿာလျှင် (၇၀၀၀)ကျပ်မှ (၉၀၀၀)ကျပ်ထိ၊ ဆားတောင်ဒေသမှ ဇီးချိုသီး တစ်ပြည်လျှင် (၃၅၀၀)ကျပ်၊ ဒေသတွင်းမှ ဇီးသီး တစ်ပြည်လျှင် (၁၂၀၀)ကျပ်၊ မြစ်ကြီးနားမြို့မှ မှာယူရောင်းချသည့် လိမ္မော်သီး တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပန်းသီး တစ်လုံးလျှင် (၅၀၀)ကျပ်မှ (၁၅၀၀)ကျပ်ထိ၊  မန္တလေး ပွဲရုံများမှ မှာယူရောင်းချသည့် ပျားလိမ္မော် တစ်ပိဿာလျှင်(၇၀၀၀)ကျပ်၊ ရမည်းသင်းမြို့မှ ထွက်ရှိသည့် စပျစ်သီး အဝိုင်းသီး တစ်ပိဿာလျှင် (၈၀၀၀)ကျပ်၊ အချွန်းသီး တစ်ပိဿာ လျှင်(၁၀၀၀၀)ကျပ်၊ ဆားတောင်မြို့ နှင့် ရွှေပန်းကုန်းရွာမှ ထွက်ရှိသည့် ငှက်ပျောသီး ဖီးကြမ်း တစ်ဖီးလျှင်( ၁၀၀၀)ကျပ်၊ ဝက်လက်မြို့၊ ရွှေကျင်ရွာမှ ထွက်ရှိသည့် ဖရဲသီးတစ်လုံးလျှင် (၂၀၀၀)ကျပ်မှ (၃၀၀၀)ကျပ်၊ သခွားသီး တစ်လုံးလျှင်(၅၀၀)ကျပ်မှ (၈၀၀)ကျပ်၊ ဗန်းမော်မြို့မှ မှာယူ ရောင်းချသည့် သစ်ကြားသီး တစ်လုံးလျှင်(၁၀၀)ကျပ်ဖြင့် အသီးသီး အရောင်းအဝယ်ဖြစ်နေကြောင်း ကုန်းဘောင်ဈေးအတွင်း ရောင်းချသော သစ်သီးဆိုင်များမှ သိရှိရပါသည်။

DOCA(စစ်ကိုင်း)