Main menu

တောင်ငူမြို့တွင် အခြေခံစားသောက်ကုန်အချို့ ဈေးအနည်းငယ် အတက်အကျရှိ

Powered by Drupal

            တောင်ငူမြို့တွင် ယခင်အပတ်ကပေါ်ဆန်း/ဆန်ခဲ့ တစ်အိတ်လျှင် ၇၆၀၀၀ ကျပ်ရှိရာမှ ယခုအပတ်တွင် ပေါဆန်းဆန်တစ်အိတ်လျှင်ပေါ်ဆန်းဆန်တစ်အိတ်လျှင်၇၉၀၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်လာပြီး ဧည့်မထဆန်မှာ ၅၀၀၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပါသည်။

           ပဲဆီတစ်ပိဿာလျှင် ယခင်အပတ်က ၁၁၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ၁၂၀၀၀ ကျပ်ဖြစ်၍ စားအုန်းဆီတစ်ပိဿာလျှင် ယခင်အပတ်က ၅၇၀၀ ကျပ်မှ ယခုအပတ်တွင် ၆၆၀၀ ကျပ်ဖြင့် ဈေးနှုန်း အနည်းငယ်မြင့်တက်လာပါသည်။

         ကုလားပဲတစ်ပိဿာလျှင် ၄၆၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေပြီး၊ ငရုပ်သီး(ပု)မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၄၅၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ၁၃၀၀၀ ကျပ်၊ ငရုပ်သီး(ရှည်)မှာ တစ်ပိဿာလျှင် ယခင်အပတ်က ၁၃၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ၁၁၀၀၀ ကျပ်ဖြစ်၍ ဈေးနှုန်းကျဆင်းလာပါသည်။

           ကြက်သွန်နီမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၂၈၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ၂၅၀၀ ကျပ်ဖြစ်၍၊ ကြက်သွန်ဖြူမှာ တစ်ပိဿာလျှင် ယခင်အပတ်က ၆၀၀၀ ကျပ်ဖြစ်ခဲ့ပြီး ယခုအပတ်တွင် ၅၂၀၀ ကျပ် ဖြင့် ဈေးနှုန်းအနည်းငယ်ကျဆင်းပြီး အာလူးမှာ ယခင်အပတ်ကအတိုင်း တစ်ပိဿာလျှင် ၂၂၀၀ ကျပ်ဖြင့် ဈေးနှုန်းတည်ငြိမ်နေကြောင်း သိရှိရပါသည်။

DOCA(Bago)