ယခုအပတ်၌ ပြည်မန်ကျည်းမှည့်ပွဲရုံများသို့ ပန်းတောင်း၊ ရွှေတောင်၊ ဝက်ထီးကန်နှင့် ပြည်ခရိုင်အတွင်းရှိဒေသစုံတွင် တစ်နေ့လျှင် မန်ကျည်းမှည့် ပိဿာ(၃၀)ဝင်အိတ် (၂၀၀၀/၃၀၀၀)အိတ်ခန့်ဝင်ရောက်လျက်ရှိပါသည်။ လှောင်လက်သမားများအဝယ်ရှိနေပြီး လက်လီသမားတို့လည်း အဝယ်လိုက်နေသောကြောင့် အရောင်းအဝယ်မှာ ကောင်းသော်လည်း ဈေးအနည်းငယ်ကျဆင်းလာခဲ့ပါသည်။ ယခုအပတ်၌ မန်ကျည်းမှည့်သစ် (ပွဲရုံ) ဈေးနှုန်းမှာ အစေ့ပါတစ်ပိဿာလျှင် (၁၂၀၀)ကျပ်နှင့် အစေ့မပါအသားချည်းဈေးနှုန်းမှာ (၂၄၀၀-၂၅၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ဒေသတွင်း လက်လီဈေးနှုန်းမှာ အစေ့ပါတစ်ပိဿာလျှင် (၁၃၀၀)ကျပ်နှင့် အစေ့မပါတစ်ပိဿာလျှင် (၂၈၀၀)ကျပ်ဈေးနှုန်းတို့ဖြင့် ရောင်းဝယ်လျက်ရှိပါသည်။
DOCA(ပဲခူး)