ပဲခူးတိုင်းဒေသကြီးဦးစီးမှူးရုံး၌ ၉-၂-၂၀၂၃ ရက်နေ့ ၊ နေ့လယ် ၁ : ၀၀ နာရီအချိန်တွင် Zoom Application ကို အသုံးပြု၍ Online Virtual စနစ်ဖြင့် နှစ်ပတ်လျှင်တစ်ကြိမ် Thursday Talk အား ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါ Thursday Talk တွင် တိုင်းဒေသကြီးဦးစီးမှူးရုံးရှိ ဝန်ထမ်းများ ၊ ခရိုင်ဦးစီးမှူးရုံးများရှိ ဝန်ထမ်းများနှင့် မြို့နယ်တာဝန်ခံစုစုပေါင်း (၈၉) ဦးတက်ရောက်ခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်နှင်းယုယုလှိုင် အငယ်တန်းစာရေးက စာရေးဝန်ထမ်း အခြေခံသင်တန်းအမှတ်စဉ် (၂၀၂) နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) တွင် တက်ရောက်သင်ကြားခဲ့သော ဘာသာရပ် (၈) ခုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးခဲ့ပြီး တိုင်းဒေသကြီးဦးစီးမှူးရုံးမှ ဒေါ်ကေသွယ်စိုး ဦးစီးမှူးက ဆုငွေနှင့် ပင်စင်လစာတွက်ချက်နည်းများနှင့် စပ်လျဉ်း၍လည်းကောင်း၊ ပင်စင်နှင့် လုပ်သက် ဆုငွေတွက်ချက်နည်းများနှင့်စပ်လျဉ်း၍လည်းကောင်း၊ လုပ်သက်ရမှတ် အချိုးကျတွက်ချက်နည်းများကို Power Point ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပါကြောင်းသိရှိရပါသည်။
DOCA(ပဲခူး)