Main menu

နွားထိုးကြီးမြို့နယ်တွင် စားသုံးသူကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ(Talk Show)ပြုလုပ်

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းအေးသည် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ (၉-၂-၂၀၂၃) ရက်နေ့ နံနက် ၁၀:၀၀ နာရီအချိန်တွင် လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ စားသုံးသူကာကွယ်ရေး အသိပညာပေးဆွေးနွေးပွဲ (Talk Show) အား ကျင်းပပြုလုပ်ခဲ့ပါသည်။

  အဆိုပါစားသုံးသူကာကွယ်ရေးနှင့်ပတ်သက်သည့် အသိပညာပေးဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဦးသန်းအေးက စားသုံးသူကာကွယ်ရေးနှင့်ပတ်သက်၍ စားသုံးသူများအနေဖြင့် မိမိတို့၏အခွင့်အရေးများကိုသိရှိနားလည်မှသာ အခွင့်အရေးများကို အရေးဆိုနိုင်မည်ဖြစ်ကြောင်း၊ ကုန်စည်နှင့်ဝန်ဆောင်မှုများကို ဝယ်ယူသုံးစွဲရာတွင်လည်း ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိသောကုန်စည်နှင့်ဝန်ဆောင်မှုများအား ရွေးချယ်ဝယ်ယူသုံးစွဲတတ်စေရန် မိမိတို့ဌာနအနေဖြင့် နည်းလမ်းမျိုးစုံဖြင့်အသိပညာများပေးလျက်ရှိပါကြောင်း၊ ထို့ပြင် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့်လည်း စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ တားမြစ်ချက်များနှင့် ပြစ်မှုပြစ်ဒဏ်များကိုလည်းသိရှိစေရန်အတွက် အသိပညာပေးဆောင်ရွက်လျက်ရှိပါကြောင်းနှင့် တားမြစ်ချက်များ၊ ပြစ်မှုပြစ်ဒဏ်များ၊  စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊  နစ်နာဆုံးရှုံးမှုများအတွက်     တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဖုန်းနံပါတ်များနှင့်နေရာများ စသည်တို့ကို အကျယ်တဝင့်ဟောပြောဆွေးနွေးခဲ့ကြပါသည်။

DOCA(မန္တလေး)