Main menu

“မိတ္ထီလာခရိုင်အတွင်းရှိ ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားပြည့်စုံမှန်ကန်စေရေးတွေ့ဆုံဆွေးနွေးခြင်း”

Powered by Drupal

      မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ စိန်အန်ထော်နီဘုရားကျောင်း၊ အရှေ့ပြင်ရပ်၊ မိတ္ထီလာမြို့၌ “စမ်းရေ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းနှင့် အမှတ်(၁၀)နယ်မြေ၊ စင်္ကြာလမ်း၊ အောင် ဇေယျာရပ်ကွက်၌ “ရွှေကြာ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတို့တွင် ထုတ်လုပ်ရောင်းချနေသောလုပ်ငန်းရှင်သည် ၎င်းတို့၏အမှတ်တံဆိပ်တွင် ထည့်သွင်းဖော်ပြသွားမည့် ကုန်အညွှန်း အမှတ်အသားများတွင် စားသုံးသူကာကွယ်‌ရေးဥပဒေပြဋ္ဌာန်းချက်များနှင့် ကိုက်ညီမှုရှိ/မရှိနှင့် လိုအပ်ချက်များကို းပြင်ဆင်ပြုပြင်နိုင်ရန်အတွက် စိစစ်ဆောင်ရွက်ပေးပါရန် ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

      အဆိုပါတွေ့ဆုံမှုအရ “စမ်း‌ရေ” အမှတ်တံဆိပ်ဆပ်ပြာလုပ်ငန်းတွင်ဆပ်ပြာခဲအမျိုးစား (၂၃)မျိုး၊ သဘာဝခေါင်းလျှော်ရည်၊ ရေချိုးဆပ်ပြာရည်၊ ဆံကေသာအားဖြည့်ပေါင်းဆီ၊ ခြင်၊ယင်ပြေးဆေး၊ အဝတ်လျှော်ပန်းကန်ဆေးဆပ်ပြာ၊ Scrub စသည့် ကုန်စည်များကို မိသားစုပိုင်ထုတ်လုပ်ကြောင်း၊ မိတ္ထီလာမြို့အတွင်း ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်းသိရှိရပါသည်။ ထို့နောက်ခရိုင်ဦးစီးမှူးက လူသုံးကုန်ပစ္စည်းအမျိုးမျိုးတွင် ကုန်စည်အမျိုးစားအလိုက် ကုန်အညွှန်းအမှတ်သားများကို ပြည့်စုံစွာဖော်ပြရန်အတွက် မြန်မာနိုင်ငံစားသုံးသူကာကွယ်ရေးကော်မရှင်က ထုတ်ပြန်ထားရှိသည့် ကုန်အညွှန်းအမှတ်အသား‌ဖော်ပြခြင်းဆိုင်ရာ အမိန့်ကြေငြာစာအမှတ် (၂/၂၀၁၉)အား ထုတ်ပြန်ထားရှိကြောင်းကိုလည်းကောင်း၊ ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာဘာသာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရမည့်အချက်အလက်များကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြောကြားခဲ့ပြီး ဌာနသို့စိစစ်ဆောင်ရွက်ပေးပါရန် တင်ပြလာမှုအပေါ် ကူညီဆောင်ရွက်ပေးမှုများပြုလုပ်ခဲ့ပါသည်။

DOCA(မန္တလေး)