၂၀၂၃ခုနှစ်၊ ဖေဖော်ဝါရီ ဒုတိပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံ စားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၆၀၀ကျပ်၊ ဧည့်မထ တစ်ပြည် ၂၅၀၀ကျပ်၊ မနောသုခ တစ်ပြည် ၂၃၅၀ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကြက်သွန်နီ လက်လီဈေးမှာ (ကြီး)တစ်ပိဿာ ၂၆၀၀ကျပ်၊ (လတ်)တစ်ပိဿာ ၂၄၀၀ကျပ်၊ (သေး)တစ်ပိဿာ ၂၂၀၀ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၃၆၅၀ကျပ်မှ ၄၂၀၀ကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၈၅၀ကျပ်မှ ၄၆၀၀ကျပ်ထိ၊ ငရုတ်သီး ခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၆၀၀၀ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၀၀၀ကျပ်မှ ၁၈၅၀၀ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၂၀၀ကျပ်မှ ၂၈၀၀ကျပ်ထိ၊ ခရမ်းချဥ်သီး တစ်ပိဿာ ၁၀၀၀ကျပ်မှ ၁၈၀၀ကျပ်ထိ အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။
ကြက်ဥ လက်လီဈေးမှာ တစ်လုံး ၂၁၀ကျပ်မှ ၂၄၀ကျပ်ထိ ဖြစ်ပါသည်။ နေပြည်တော် ကောင်စီနယ်မြေ၏ အသား/ငါး ဈေးနှုန်းများမှာ ကြက်သား(CP) တစ်ပိဿာ ၈၂၀၀ကျပ်မှ ၁၁၀၀၀ ကျပ်ထိ၊ ကြက်သား(ဗမာ) တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၅၀၀၀ကျပ်ထိ၊ ဝက်သား တစ်ပိဿာ ၁၁၅၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ၊ အမဲသား တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၃၀၀၀ကျပ်ထိ၊ ငါးမြစ်ချင်း တစ်ပိဿာ ၅၈၀၀ကျပ်မှ ၉၀၀၀ထိ၊ ငါးကြင်း တစ်ပိဿာ ၁၀၀၀၀ကျပ်မှ ၁၄၀၀၀ကျပ်ထိ ရောင်းဝယ် နေကြောင်း သိရသည်။
စားသုံးဆီ ဈေးနှုန်များမှာ ပဲဆီ တစ်ပိဿာလျှင် ၁၃၅၀၀ကျပ်၊ စားအုန်းဆီ တစ်ပိဿာလျှင် ၆၀၀၀ကျပ်နှင့် နှမ်းဆီ တစ်ပိဿာလျှင် ၁၂၀၀၀ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
DOCA(NPT)