စားသုံးသူရေးရာဦးစီးဌာန၊ ကသာခရိုင်ဦးစီးမှူးရုံးမှ စစ်ဆေးရေးမှူး ဦးကြည်နိုင်ဦး(ဦးစီးမှူး)နှင့်အတူ ကသာမြို့နယ်တာဝန်ခံနှင့် ဌာနမှဝန်ထမ်းများသည် ဌာန၏ရည်မှန်းချက်တစ်ခုဖြစ်သည့် စားသုံးသူများသည် လုံခြုံစိတ်ချရသောကုန်စည်များကို ဝယ်ယူသုံးစွဲနိုင်ရန်အတွက် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ (၁၃)ရက်နေ့တွင် ကသာမြို့၊ အမှတ်(၉)ရပ်ကွက်ရှိ BOB (mini mart) ကုန်စုံဆိုင်အား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည်။
စစ်ဆေးရာတွင် ကုန်စုံဆိုင်၌ရောင်းချလျက်ရှိသော စားသောက်ကုန်များနှင့် ကုန်ပစ္စည်းများတွင် စားသုံးသူကာကွယ်ရေးဥပဒေ၌ပါဝင်သည့် ကုန်အညွှန်းအမှတ်အသားများအား မြန်မာစာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်း ရှိ/မရှိကိုစစ်ဆေးခြင်း၊ သက်တမ်းလွန်စားသောက်ကုန်များ၊ သက်ဆိုင်ရာဌာနများက သုံးစွဲရန်မသင့်ဟု ထုတ်ပြန်ထားသည့် စားသောက်ကုန်များနှင့် အလှကုန်ပစ္စည်းများ ရောင်းချမှု ရှိ/မရှိကို စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ပြီး လုပ်ငန်းရှင်အား မြန်မာစာဖြင့် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားခြင်းမရှိသောကုန်စည်များအား ရောင်းချခြင်းမပြုရန်နှင့် ကုန်အညွှန်းအသားဆိုင်ရာ လိုက်နာရမည့်အချက်များအား သိရှိလိုက်နာဆောင်ရွက်သွားရန် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
DOCA(စစ်ကိုင်း)