Main menu

ကလေးဝမြို့နယ် (အ-ထ-က)ကျောင်းတွင် စားသုံးသူအသိပညာပေး ဆွေးနွေးဟောပြော

Powered by Drupal

      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့  မြို့နယ်တာဝန်ခံ ဦးကျော်ကျော်မိုးဦးဆောင်၍ မိတ်ဖက်ဌာနများနှင့်အတူ ဖေဖော်ဝါရီလ ( ၉ ) ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်၌ ကလေးဝမြို့ (အ-ထ-က)အထက်တန်းကျောင်းသို့သွားရောက်၍ အသိပညာပေးဟောပြောပွဲလုပ်ငန်းဆောင်ရွက်ခဲ့ပါသည်။

       အဆိုပါဟောပြောပွဲ၌ ကလေးဝမြို့နယ် (အ-ထ-က) အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးသဉ္ဇာထွန်းက အဖွင့်အမှာစကားပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာန၊ ကလေးဝမြို့နယ်တာဝန်ခံ  ဦးကျော်ကျော်မိုးက ကုန်စည်၊ ဝန်‌ဆောင်မှုနှင့်ပတ်သက်၍ စားသုံးသူများရရှိနိုင်သည့်အခွင့်အရေးနှင့် လိုက်နာရမည့်တာဝန်များ၊ စားသုံးသူများနစ်နာဆုံးရှုံးမှုရှိပါက တိုင်ကြားနိုင်သည့်နည်းလမ်းများအကြောင်းကိုဆွေးနွေးခဲ့ပြီး အားကစားဝန်ကြီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်ပြုံးရီက “ကျောင်းသားလူငယ်များ အားကစားလုပ်ခြင်းဖြင့် အကျိုးကျေးဇူးများရရှိပုံများ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့ပြီး အဆိုပါဟောပြောပွဲသို့ ကျောင်းဆရာ/ဆရာမ ( ၁၀ ) ဦးနှင့် ကျောင်းသား/ကျောင်းသူ ( ၁၄၀ ) ဦး၊ စုစုပေါင်း ( ၁၅၀ ) ဦးတက်ရောက်ခဲ့ကြပါသည်။

DOCA(စစ်ကိုင်း)