Main menu

ဖောင်းပြင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူးရုံးတွင် Talk Show ပြုလုပ်

Powered by Drupal

       စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဉီးစီးဌာနမှ ပြည်သူများအား မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များကို သိမြင်နားလည်မှုများတိုးတက်လာစေရန်ရည်ရွယ်၍ Talk Show အစီအစဉ်များ ကျင်းပပြုလုပ်လျက်ရှိပါသည်။

          ဖောင်းပြင်မြို့နယ် မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်(ဒု-ဉီးစီးမှူး)က စားသုံးသူကာကွယ်ရေး ဆိုင်ရာခေါင်းစဉ်ဖြင့် Talk Show ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနမှ ဒေါ်စံပယ်ဉီးနှင့်  ( ၁၄-၂-၂၀၂၃ ) ရက်နေ့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။ အဆိုပါ Talk Show တွင်  စားသုံးသူရေးရာဉီးစီးဌာန၊ မြို့နယ်တာဝန်ခံ ဉီးကျော်သန်းစိန်က “ မိမိတို့၏ကုန်ပစ္စည်းများကို ထုတ်လုပ်ဖြန့်ဖြူးရောင်းချရာတွင် ထုတ်ကုန်များလုံခြုံစိတ်ချရမှုများရှိစေရေး သိကောင်းစရာများ ”  ခေါင်းစဉ်ဖြင့်  ဆွေးနွေးခဲ့ပါသည်။

DOCA(စစ်ကိုင်း)