စားသုံးသူရေးရာဦးစီးဌာန၊ သထုံခရိုင်ဦးစီးမှူးရုံးမှဝန်ထမ်းများသည် ၁၀-၂-၂၀၂၃ ရက်နေ့တွင် သထုံမြို့နယ်၊ သိမ်ကုန်းရပ်ကွက်၊ အ-မ-က(ဦးဖြူ)ကျောင်း၌ စားသုံးသူကာကွယ်ရေးအသိ ပညာပေး ဟောပြောဆွေးနွေးပွဲကို ပြုလုပ်ခဲ့ပါသည်။
အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးဒေါ်သီရိဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ သထုံမြို့နယ်တာဝန်ခံက စားသုံးသူရေးရာဦးစီးဌာန၏ မျှော်မှန်းချက်၊ ရည်မှန်းချက်၊ လုပ်ငန်းဆောင်ရွက်ချက်များ၊ စားသုံးသူအခွင့်အရေးနှင့်တာဝန်များ၊ ကုန်အညွှန်းအမှတ်သားဖော်ပြချက်နှင့်စပ်လျဉ်း၍ သိကောင်းစရာများ၊ စားသုံးသူထိခိုက်နစ်နာမှုဖြစ်ပေါ်လာပါက တိုင်ကြားနိုင်သည့်နေရာများ၊ Call Center ဖုန်းနံပါတ်များ၊ website များအကြောင်းကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။
အဆိုပါဟောပြောပွဲသို့ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ (၁၂၈)ဦးတက်ရောက်ခဲ့ပြီး စားသုံးသူကာကွယ်ရေးဆိုင်ရာသိကောင်းစရာလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပါသည်။
DOCA(မွန်)