Main menu

စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကားဖြန့်ဖြူးရောင်းချခြင်းအား ကြပ်မတ်ဆောင်ရွက်ခဲ့ခြင်း

Powered by Drupal

      မွန်ပြည်နယ်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဝန်ထမ်းများသည် ၈-၂-၂၀၂၃  ရက်နေ့တွင် မုဒုံမြို့နယ်ရှိ ကွေ့ဝမ်းကျေးရွာနှင့် ရွှေပြည်စိုးရပ်ကွက်တို့တွင်လည်းကောင်း၊ ၉-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ အောင်သုခရပ်ကွက်၊ ရွှေပြည်အေးရပ်ကွက်၊ သာယာကုန်းရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၀-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ကြက်တန်းမန္တလေးရပ်ကွက်၊ မောင်ငံရပ်ကွက်နှင့် စမ်းကြီးရပ်ကွက်တို့တွင်လည်းကောင်း၊ ၁၁-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့၊ ကြက်တန်းမန္တလေးရပ်ကွက်၊ မြိုင်သာယာရပ်ကွက်၊ ကျွဲခြံကုန်းရပ်တို့တွင်လည်းကောင်း၊ ၁၂-၂-၂၀၂၃ ရက်နေ့တွင် မော်လမြိုင်မြို့ ကျောက်တန်းရပ်ကွက်၊ ဘိုကုန်းရပ်ကွက်၊ ငန်းတေးရပ်ကွက်တို့တွင်လည်းကောင်း ကုမ္ပဏီများကဖြန့်ဖြူးရောင်းချသည့် စားအုန်းဆီများအား ဈေးကွက်အတွင်း လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချခြင်းကို ကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆောင်ရွက်ရာတွင် စားသုံးဆီတင်သွင်းသည့် ကုမ္ပဏီများက လက်ကားကုန်သည်များသို့ ဖြန့်ဖြူးထုတ်ပေးခဲ့သည့်စားအုန်းဆီများကို ရန်ကုန်အထိုင်ဈေး၏ ရည်ညွှန်းလက်ကားဈေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထက်မပိုသောဈေးနှုန်းဖြင့် ဈေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချရမည်ဖြစ်ရာ လက်လီဈေးကွက်အတွင်း သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချစေရေး၊ ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချခြင်းမရှိစေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်ဆောင်ရွက်ခဲ့ပါသည်။

DOCA(မွန်)