၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့၊ နံနက်( ၁၀:၀၀ )အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ကယားပြည်နယ် ဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် “စစ်ဆေးအရာရှိ၏အခန်းကဏ္ဍနှင့် ဈေး ကွက်စောင့်ကြည့်စစ်ဆေးခြင်း ’’ ခေါင်းစဉ်ဖြင့် Thursday Talk အသိပညာပေးဆွေးနွေးပွဲကို ကျင်းပဆောင်ရွက်ခဲ့ရာ စုစုပေါင်းဝန်ထမ်း (၁၄) ဦးတက်ရောက်ခဲ့ပါသည်။
အဆိုပါ အသိပညာပေးဆွေးနွေးပွဲတွင် ပထမဦးစွာ ပြည်နယ်ဦးစီးမှူးက အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဒေါ်သစ္စာဖူး (ဦးစီးမှူး)က စားသုံးသူကာကွယ်ရေးဥပဒေပါ စစ်ဆေးရေး အရာရှိ၏အခန်းကဏ္ဍနှင့် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းအကြောင်းကိုဆွေးနွေးရာတွင် စစ်ဆေးရေးအရာရှိ၏အခန်းကဏ္ဍများ၊ လုပ်ငန်းတာဝန်များ၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း၏ရည်ရွယ်ချက်များ၊ ကုန်အညွှန်းအမှတ်အသားနှင့်စပ်လျဉ်း၍ သိရှိရမည့်အချက်များ၊ ကုန်စည်၏ဝိသေသလက္ခဏာများ၊ ကုန်စည်ဘေးအန္တရာယ်ကင်းရှင်းစေရေးအတွက် တာဝန်ရှိသူများ၏ကဏ္ဍများ၊ ကုန်စည်ထုတ်လုပ်သူများ၏တာဝန်များ၊ ပြစ်မှုပြစ်ဒဏ်များ၊ ကုန်စည်၏ အန္တရာယ်ဖြစ်စေနိုင်မှုအခြေအနေများနှင့် အန္တရာယ်ဖြစ်စေနိုင်မှုအား ချင့်ချိန်သုံးသပ်ရန် နည်းလမ်းများ စသောအချက်များအား တစ်ချက်ချင်း ဆွေးနွေးရှင်းလင်းခဲ့ပါသည်။ ယင်းကဲ့သို့ Thursday Talk အသိပညာပေ ဆွေးနွေးပွဲဆောင်ရွက်ခြင်းအားဖြင့် ဝန်ထမ်းများသည် အသိပညာဗဟုသုတများရရှိပြီး၊ ဌာန၏လုပ်ငန်းများကို ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်သည့် အကျိုးကျေးဇူးများကိုရရှိပြီး ဆွေးနွေးပွဲအား အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
DOCA(ကယား)