Main menu

စိုက်ပျိုးရေး ၊ မွေးမြူရေးကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျေးရွာများသို့ ကွင်းဆင်းဟောပြော

Powered by Drupal

    ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကုန်ထုတ်လုပ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆွေးနွေးပွဲကို တစ်လလျှင် ၁၀ ရွာနှုန်း ဆောင်ရွက်ခဲ့ရာ ယခု ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ နောက်ဆုံးပတ်တွင် သာယာဝတီမြို့နယ်၊ အိုင်ဂတုန်အုပ်စု၊ အိုင်ဂတုန်ကျေးရွာရှိ ဘုန်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ရာ တောင်သူစုစုပေါင်း ၁၀၁ ဦးတက်‌ရောက်ခဲ့ပါကြောင်း သိရှိရပါသည်။

      ဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ မွေးမြူရေးဦးစီးဌာန၊ ကျန်းမာရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ကျေးလက်ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့မှ ကျေးရွာစိုက်ပျိုးမွေးမြူရေးနှင့် လယ်ယာမြေထွက်ကုန်များ ရောင်းချနိုင်ရေးအတွက် အကြုံပြုဆွေးနွေးဆောင်ရွက်ခဲ့ကြောင်းသိရှိရပါသည်။ အိုင်ဂတုန် ကျေးရွာသည် မြစ်မခမြစ်ကမ်းဘေးတွင်တည်ရှိပြီး တစ်နှစ်လျှင် နှစ်သီးစား စိုက်ပျိုးဖြစ်ထွန်းပါသည်။ ပြောင်းနှင့်ပဲမျိုးစုံကို အဓိကစိုက်ပျိုးကြပြီး နေကြာသီးနှံကို သီးညှပ်သီးနှံအဖြစ် အနည်းငယ်သာ စိုက်ပျိုးပါသည်။ ယခုအခါ ကုန်းလမ်းဖောက်လုပ်ရန် ကျေးလက်လမ်းဦးစီးဌာနက ကူညီဆောင်ရွက်ပေးနေပြီး လမ်းဖောက်လုပ်ပြီးစီးပါက ကျေးရွာထွက်ကုန်စည်များ ရောင်းချရာတွင် ကုန်စည်စီးဆင်းမှု မြန်ဆန်ချောမွေ့လာမည် ဖြစ်ပါကြောင်းသတင်းရရှိပါသည်။

DOCA(ပဲခူး)